ဓမ္မရာဇဝင်ပဌမစောင် - ၁၂
ဓမ္မရာဇဝင်ပဌမစောင် - ၁၂ အနက်ဖွင့်
(ခ) ပြည်သူများအပြစ်စွဲချက် (အခန်း ၁၂)
၁၂:၁–၁၃ ဂိလဂါလတွင် မင်းခမ်းမင်းနားဗိုလ်ရှုသဘင်ပြီးဆုံးသောအခါ ရှမွေလက ဣသရေလလူများအား တရားသူကြီးပီသစွာ အုပ်ချုပ်ခဲ့ပုံကို ထောက်ပြသည်။ မတရားမှုရှိကြောင်း မည်သူကမှ မထောက်ပြနိုင်ကြ။ သို့သော်လည်း ဣသရေလပရိသတ်က ရှင်ဘုရင်တောင်းဆိုကြသောအခါ ဘုရားသခင်၏ စီမံခန့်ခွဲရာတရားသူကြီးအရာအား ကန့်ကွတ်ရာရောက်သည်ဟု ရှင်းပြသည်။ အတိတ်က ဒုက္ခပင်လယ်နက်ကြစဉ်တွင် ဘုရားသခင်က ကယ်တင်ခြင်းပေးခဲ့သည်။ အပိုဒ်ငယ် ၁၁တွင် ပါရှိသည့် ဗေဒန်သည် ဗာရက်ဖြစ်သည် (NKFV Marg; LXX and Syriac ကျမ်းမူ)။၁၀
ရှမွေလသည် မောရှေကဲ့သို့သောအမျိုး ကယ်တင်ရှင်ဖြစ်သည်ဟု သူ့ကိုယ်သူခံယူသည်။ သို့သော်လည်း ဣသရေလတို့၏ ရှင်ဘုရင်တောင်းဆိုမှုကို စိတ်မချမ်းမြေ့။ ဘုရားသခင်က ရှမွေလအား တရားသူကြီးအဖြစ်ခန့်အပ်ပေးခြင်းသည် ဣသရေလလူများအတွက်မလုံလောက်ပါ။ ထို့ကြောင့် ရှောလုအား ထပ်လောင်းဆောင်းပေးသည်။
၁၂:၁၄–၁၈ ရှင်ဘုရင်တောင်းဆိုခြင်းသည် ကြီးမားသော အမှားအယွင်းဖြစ်သည်။ သို့သော်လည်း နှုတ်ကပတ်တော်နာခံခြင်းရှိကြလျှင် ဘုရားသခင်က ဆက်လက်ကောင်းကြီးပေးဦးမည်။ နာခံခြင်းမရှိလျှင် မူကား အမျက်တော်ရှကြမည်။ သေချာသည်။ ရှမွေလက သူသည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို သတိပေးသည်။ ပရိသတ်ရှေ့မှောက်တွင် ဘုရားသခင်ထံဆုတောင်းလျှင် မိုးရွာချ၍ ရိတ်သိမ်းလက်စ ဆန်စပါးများ ပျက်စီးကြမည့်အကြောင်းကို သတိပေပြီးနောက် ဆုတောင်းလိုက်ရာ ချက်ခြင်း မိုးချုန်း၍ တကယ်မိုးရွာသဖြင့် လူအပေါင်းတို့သည် ကြောက် လန့်သွားကြသည်။
၁၂:၁၉–၂၅ ပရိသတ်ကြီးက စိုးရိမ်စိတ်ဖြင့် ရှမွေလအား တောင်းပန်ကြရာ ရှမွေလက ဆုတောင်းပေးသဖြင့် မိုးစဲသွားသည်။ ရှမွေလ၏ ဆုတောင်းချက်သည် ကရုဏာတော်သက်ရောက်စေနိုင်သကဲ့သို့ အမျက်တော်ကိုလည်း ကျစေနိုင်သော နှစ်ဖက်သွားသံလျက်ဓါးဖြစ်သည်။ ဘုရားသခင်၏စကားတော်ကို လိုက်နာစောင့်ထိန်းကြဖို့ သတိပေးလိုက်သည်။ အပြစ်ဒုစရိုက်မကျူးလွန်မိဖို့ တစိုက်မတ်မတ် ဆုတောင်းခိုင်းသည်။ ဤနေရာတွင် ဆုတောင်းမှု မပြုခြင်းနှင့် နမော်နမဲ့နေခြင်းသည် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း သင်ခန်းစာပေးပါသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280"
Our Visitor





