ဓမ္မရာဇဝင်ပဌမစောင် - ၁၁
ဓမ္မရာဇဝင်ပဌမစောင် - ၁၁ အနက်ဖွင့်
၁၁:၁–၅ ယော်ဒန်မြစ်၏ အရှေ့ဘက်ကမ်းတွင် ဂဒ်လူမျိုးတို့၏ မြို့ပြ ဂိလဒ်ပြည်၊ယာဗက်မြို့ရှိသည်။ အရှေ့တောင်ဘက်ရှိ အမ္မုန်လူမျိုးက ထိုမြို့အား တိုက်ခိုက်ရန် ဝိုင်းရံလာကြသည်။ မြို့ခံလူများက အညံ့ခံ အရှံးပေးမည့်အကြောင်း အလံဖြူထောင်ကြသော်လည်း အမ္မုန်ဘုရင်နာဟတ်က ညာမျက်လုံးအားလုံး ဖောက်ထုတ်ကြမှ စစ်ပြေငြိမ်းနိုင်မည်ဟု အထက်လေသံဖြင့် ဆိုသည်။ ဂဒ်လူမျိုးများကလည်း ဣသရေလလူမျိုးများသို့ အကြောင်းကြားခွင့်(၇)ရက်ပေးရန်နှင့် စစ်ကူမလာပါက မိမိ မျက်လုံး ဖောက်ကြပါမည်ဟု ဝန်ခံကြသည်။ ထိုသို့ဖြင့် ဣသရေလအမျိုးအနွယ်များသို့ ခြေမြန်တော်များ စေလွှတ်၍ သတင်းစကားကြားပြောခိုင်းသည်။ ဣသရေလရှင်ဘုရင် အသစ်စက်စက် ရှောလုကြားသိသောအခါ အလွန်အမင်း အမျက်ဒေါသထွက်သည်။
၁၁:၆–၁၁ ရှောလုသည် နွားနှစ်ကောင်ယူ၍ နုပ်နုပ်စင်းပစ်သည်။ ရှောလု၊ ရှမွေလနှင့် အတူ စစ်တိုက်ဖို့ မလိုက်ရဲသူရှိလျှင် အမဲသားကဲ့သို့ စင်းကောခံရမည်ဟု ကြိမ်းမောင်းပြီး လူစုလိုက်ရာ ဣသရေလနှင့် ယုဒလူမျိုးပေါင်း သုံးသိန်းသုံးသောင်း ထွက်လာသည်။ နောက်တစ်နေ့ ဝေလီဝေလင်းတွင် ရှောလုစစ်တပ်ကြီးသည် အမ္မုန်အမျိုးအား ချေမှုန်းရန် ယာဗက်မြို့သို့ စစ်ချီသည်။
၁၁:၁၂–၁၅ အမ္မုန်ရန်သူများကို နှိမ်နင်းအောင်မြင်သဖြင့် ဣသရေလပြည်သူအပေါင်းသည် ရှောလုအား ဂုဏ်ပြုကြသည်။ ရှောလုဘက်တော်သားများက ရှောလုဘုရင်မထိုက်တန်ဟု ပြောဆိုခဲ့ဖူးသူများကို နှိပ်ကွပ်ဖို့ လက်သီးလက်မောင်းတန်းကြသည်။ သို့သော်လည်း ရန်သူ့အပေါ် အောင်ပွဲဆင်နွှဲနိုင်ခဲ့ပြီဖြစ်၍ လုံလောက်ပါပြီ။ အချင်းချင်း သတ်ဖြတ်ခြင်းမပြုဖို့ ရှောလုက တားမြစ်သည်။ သို့ဖြင့် ရှောလုတို့အဖွဲ့သည် ဂိလဂါလသို့ ချီတက်၍ ရှောလုအား ဂုဏ်ပြုဘိသိက်ပေးကြပြန်သည်။ ဂိလဂါလတွင် ထိုသို့အောင်ပွဲခံခြင်းသည် ခွန်အားသစ်ထပ်ဖြည့်ခြင်း ဖြစ်သည်(ယောရှု ၅:၉)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
3
2
Users Today : 7
Users Yesterday : 9
Users This Year : 1536
Views Today : 44
Views This Month : 215
Views This Year : 5240"
Our Visitor





