ဓမ္မရာဇဝင်ဒုတိယစောင် - ၉
ဓမ္မရာဇဝင်ဒုတိယစောင် - ၉ အနက်ဖွင့်
(ဇ) မေဖိဗောရှက်အား ကျေးဇူးပြုခြင်း (အခန်း၉)
၉:၁–၁၃ ဒါဝိဒ်သည် ယောနသန်သို့ ပြုထားသော ကတိသစွာ (၁ရာ ၂၀:၁၄-၁၇)ကို မမေ့။ ထိုပြုထားသော ကတိသစ္စာအား အကောင်အထည်ဖော်ချင်သည်။ ရှောလုမင်း၏ တပည့်ကြွင်းကျန် ဇိဘ က ယောဒန်မြစ်အရှေ့ဘက်ကမ်း လောဒေဗာ အရပ်၌ ယောနသန်အား ခြေထောက်မသန်စွမ်းသူ မေဖိဗောရှက် ရှိကြောင်း ပြောပြသောအခါ၊ မိသားစု အလိုက် သွားခေါ်ခိုင်းသည်။ စားကောင်းသောက်ဖွယ် ဘုရင့်ညစာ အတည်ခင်းဖြင့် ဧည့်ခံပြီးနောက် မေဖိဗောရှက် အား ရှောလုပိုင် မြေများကို ပြန်ပေးလိုက်သည်။
မေဖိဗောရှက်သည် ခုတ်ထွင် ရှင်းလင်းထွန်ယက်ခြင်းမပြုသေးသော တော်ရိုင်းမြေပုံဆောင်သည်။ (လောဒေဗာ သည် မြက်ခင်းမဲ့ဒေသဟု အနက်ရသည်)၁၀။ အပိုဒ်ငယ် ၄ တွင် ပါရှိသည့် မာခိရသည် ရောင်းစားခြင်းဟု အဓိပ္ပါယ်ပေါက်သည်။ သူသည်လည်း ရှောလုအိမ်မှ ကံဇာတာလျော့ကျနိမ့်ဆင်းသူ ဖြစ်သည်။ မေဖိဗောရှက်သည် ခြေထောက်မသန်စွမ်းသူ ဖြစ်၍ ဘုရင့်ရှေ့တော်သို့ ကျေးဇူးခံထိုက်သူမဟုတ်။ သို့သော်လည်း ကျေးဇူးတော် ခံထိုက်သူဟူ၍ မရှိ။ မေဖိဗောရှက်သည် နေ့ရက်စဉ်ဆက် ဒါဝိဒ်မင်းနှင့် အတူ ဘုရင့်စားပွဲတော်တွင် စားသုံးခွင့်ရရှိသည်။ ကယ်တင်ခြင်းတရားသည်လည်း မေဖိဗောရှက် ကဲ့သို့ပင် ခိုကိုးရာမဲ့ဖြစ်ကြသည်။ ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ခွင့် မထိုက်မတန်သူများဖြစ်သည်။ လူ့ဘဝအတိုင်း မှန်လျှင် မျှော်လင့်ချက်မရှိနိုင်။ သို့သော်လည်း ကျေးဇူးတော်အားဖြင့် ဘုရားသခင်ရှေ့တော် ခစားဝင်ရောက် ခွင့်ရရှိကြသည်။ ယေရှုခရစ်တော် အောင်သွယ်ပေးမှုဖြင့် ဘုရားသခင် အိမ်ထောင်စုဝင်များ ဖြစ်သွားရသောကြောင့် အမွေတော်ခံခွင့်လည်း ရရှိကြသည်။
အံ့ဖွယ်မေတ္တာတော် ကြီးမားလှပေစွ။
စိတ်နှလုံးဘဝတစ်ခုလုံး အကုန်လုံးပုံအပ်ပါရစေ။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
9
Users Today : 9
Users Yesterday : 8
Users This Year : 1553
Views Today : 24
Views This Month : 265
Views This Year : 5290"
Our Visitor





