ထွက်မြောက်ရာကျမ်း - ၃၇
ထွက်မြောက်ရာကျမ်း - ၃၇ အနက်ဖွင့်
၇။ ပဋိညာဉ်သေတ္တာတော် (၃၇:၁–၅)
၃၇:၁–၅ ပဋိညာဉ်သေတ္တာတော်ကို အကာရှသားဖြင့် ပြုလုပ်၍ သေတ္တာအတွင်းပိုင်း၊ အပြင်ပိုင်းနှစ်ခုစလုံးကို ရွှေကွပ်ထားသည်။ သခင်ခရစ်တော်ဘုရားတွင် ဘုရားဇာတိတော်နှင့် လူ့ဇာတိပါဝင်ကြောင်း သရုပ်ဖော်သည်။ ထိုပဋိညာဉ် သေတ္တာထဲတွင် ပဋိညာဉ်တရား၊ မန္နမုန့်ထည့်အုပ်၊ အာရုန်၏ လှံတံတော်တို့ရှိသည်။ ဆာ ၄၀:၈ တွင် “ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏” ဆိုသကဲ့သို့ ခရစ်တော်သည် လူ့စိတ်နှလုံးတွင် ကိန်းအောင်းရသည်ဟု အဓိပ္ပါယ်ရှိသည်။ ဘုရားသခင်၏ မုန့်သည် ထက်ကောင်းကင်ရပ်မှ ဆင်းသက်လာသည် (ယော ၆:၃၃)။ ဘုရားသခင်၏ ယဇ်ပုရောဟိတ်သည် သေလွန်ရာမှ ရှင်ပြန်ထမြောက်သည် (ဟေဗြဲ ၇:၂၄-၂၆) ဟု လည်းပုံဆောင်သည်။ ဣသရေလလူများအတွက်မူ ဘုရားတရား မဲ့ခဲ့ကြခြင်းနှင့် ပုန်ကန်ခဲ့မှုများ အမှတ်တရဖြစ်သည်။
၈။ ကရုဏာပလ္လင်တော် (၃၇:၆–၉)
၃၇:၆–၉ ကရုဏာပလ္လင်တော်သည် ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သည်။ မြေကြီးပေါ်တွင် ဘုရားသခင် စိုးစံရာနေရာဖြစ်သည်။ အပေါ်မှနေ၍ ခေရုဗိမ်များက ကြည့်ရှုနေကြသော်လည်း ပညတ်တရား (ဣသရေလတို့ ချိုးဖောက်သောတရား)၊ မန္နမုန့်အုပ်နှင့် အာရုန်၏ လှံတံတော်များကိုလည်း မမြင်ရ။ ထိုပစ္စည်းများသည် ဣသရေလတို့၏ ပုန်ကန်ခြားနားမိုက်မဲမှုကို ပုံဆောင်သည်။ (ပုန်ကန်သောင်းကျန်းနေသော ဣသရေလ ငမိုက်သားများအပေါ် ဘုရားသခင်က မေတ္တာမပျက် ချစ်မြဲချစ်လျက် ခရစ်တော်၏ အသွေးတော်ဖြင့် ပက်ဖျန်းစင်ကြယ်စေပုံကိုသာလျှင် မြင်ကြသည်။ ထိုပလ္လင်တော်သည် ဘုရားသခင်စေလွှတ်တော်မူသောသူ (ရော ၃:၂၅) သခင်ခရစ်တော်ပုံဆောင်သည်။ စကားပြေအားဖြင့် ဆိုလျှင်ပဋိညာဉ်သေတ္တာတော်အဖုံး ဖြစ်သည်။
၉။ ပစ္စည်းတင်စရာစားပွဲတော် (၃၇:၁၇–၂၄)
၃၇:၁၀–၁၆ ထိုပစ္စည်းတင်စရာ စားပွဲတော်ပေါ်တွင် မုန့်ဆယ်နှစ်လုံးတင်ထားသည်။ “ထိုမုန့်များသည် သခင်ခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်တွင် လက်သင့်ခံနိုင်သော ဣသရေလလူမျိုးများကို ပုံဆောင်သည်။”၃၃ ဣသရေလ ဆယ့်နှစ်မျိုးအား ဘုရားသခင်က လုပ်ကျွေးစောင့်ရှောက်သည့် အဓိပ္ပါယ်လည်းရသည်။
၁၀။ ရွှေမီးတိုင်စင်နှင့် ဆက်စပ်ပစ္စည်များ (၃၇:၁၇–၂၄)
၃၇:၁၇–၂၄ အချို့ကျမ်းစာပညာရှင်များက ထိုမီးတိုင်များသည် လောကကို အလင်းပေးသော ယေရှုခရစ်တော်ကို ပုံဆောင်ဆောင်သည်ဟု ခံယူကြသည် (ယော ၈:၁၂)။ အချို့က ကမ္ဘာအဝှမ်းတွင် ခရစ်တော် ဘုန်းတန်ခိုးထင်ရှားဖို့ ပါဝင်နေသော သန့်ရှင်းဝိညာဉ်တော် ပုံဆောင်သည်ဟု အနက်ဖွင့်ဆိုကြသည်။ အချို့ကမူ အလင်းနှင့်အမှောင်ဆက်စပ်ပေးသော ခရစ်တော်နှင့် ယုံကြည်သူတို့၏ ဆက်စပ်မှုအဓိပ္ပါယ်ရသည်ဟု သဘော ပိုက်ကြသည်။ အလယ်မီးတိုင်သည် အဓိကမဏ္ဍိုင်ဖြစ်၍ တစ်ဘက်တစ်ချက်စီတွင် အလက်(၃)ခုစီဖြင့် စုစုပေါင်း (၆)ခု ရှိသည်။ ထိုလက်တန်းအားလုံးကို ရွှေဖြင့် ပြုလုပ်ထားသည်။
၁၁။ အမွှေးတိုင် (၃၇:၂၅–၂၈)
၃၇:၂၅–၂၈ အမွှေးတိုင်သည် ဘုရားသခင်အတွက် ထာဝစဉ်မွှေးကြိုင်သင်းပျံ့နေသော သခင်ခရစ်တော်၏ အမှုတော်ပုံဆောင်သည်။ သခင်ခရစ်တော်က ယုံကြည်သူများအား ကောင်းကင်နိုင်ငံသို့ ခေါ်ဆောင်သည့် အမှုတော်ကိုလည်း သရုပ်ဖော်သည်။
၁၂။ ဘိသိက်ဆီနှင့် အမွှေးနံ့သာ (၃၇:၂၉)
၃၇:၂၉ ဆီသည် သန့်ရှင်းဝိညာဉ်တော် ပုံဆောင်သည်။ ထိုဆီမှထွက်သော မွှေးရနံ့သည် အမြဲတမ်း သင်းပျံ့၍ သခင်ခရစ်တော်၏ ပြီးပြည့်စုံသောအမှု၊ အဘခမည်းတော် ကျေနပ်ဖွယ်ရာ အမှုတော်အဓိပ္ပါယ်ရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
8
Users Today : 6
Users Yesterday : 6
Users This Year : 922
Views Today : 15
Views This Month : 481
Views This Year : 3425"
Our Visitor





