ထွက်မြောက်ရာကျမ်း - ၂၆
ထွက်မြောက်ရာကျမ်း - ၂၆ အနက်ဖွင့်
၆။ တဲတော် (အခန်း ၂၆)
၂၆:၁–၆ အခန်းကြီး(၂၆)သည် ပင်မတဲတော်အကြောင်းဖြစ်သည်။ တဲတော်သည် အရှည် ၄၅ပေ၊ အကျယ် ၁၅ပေ၊ အမြင့် ၁၅ ပေရှိသည်။ ဘေးမျက်နှာစာနှစ်ခုစလုံးသည် အောက်သို့ တံစက်မြိတ်စိုက်ချထားသည်။ တစ်ဘက်(မျက်နှာစာ)ဘက်မှာ တိုင်များစိုက်ထားသည်။
ပထမဆုံးကာရံထားသော လိုက်ကာကို ပိတ်ချောဖြင့် ကာရံထားသည်။ ပိတ်ပေါ်တွင် ခေရုဗိမ်အရုပ် ဖော်ထား၍ အပြာ၊ ခရမ်း၊ ကြက်သွေးနီရောင်များချယ်ထားသည်။ ကုလားကာ(၅)စကို တစ်ဆက်တည်း ချုပ်ထားရသည်။ ကုလားကာများသည် အရွယ်အစားချင်းတူညီရသည်။ ကုလားကာ (၅)စ ရှိသောကုလားကာအချပ်ကြီး(၂)ထည်ကို ဆက်ရာ၌ အနားကွင်းပေါင်း ငါးဆယ်စီဖြင့် ကွင်းချင်းဆက်ရသည်။ ကုလားကာပတ်လည် ၄၂×၆၀ ပေရှိရသည်။ အမိုးမျက်နှာကျက်၏ တံစက်မြိတ်သည် မြေပြင်နှင့် ၁၈လက်မ ကွာရသည်။
၂၆:၇–၁၃ နောက်အမိုးတစ်ခုမှာ ဆိတ်မွှေးဖြင့် ရက်လုပ်သော (၁၁)ထည်ဖြစ်သည်။ အလျား ၄၅ပေ အနံ ၆ပေ စီရှိရသည်။ ကုလားကာများကို (၅)ထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်ချုပ်ရသည်။ ကုလားကာများဆက်ရာ၌ ထိပ်ဖျားတွင် ကွင်း ၅၀ စီပြုလုပ်၍ ချိတ်ဆက်ရသည်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖို့ ကြေးဝါချောင်း (၅၀)စီ သုံးရသည်။
၂၆:၁၄ တတိယလွှာအမိုးမှာ သိုးသားရေဖြစ်သည်။ ထိုသို့ သားရေအထက်တွင် တဟာရှသားရေ (ဖျံ၊ လင်းပိုင် သို့မဟုတ် ငါးကြီးသားရေ)၂၅ ဖြင့်ထပ်မိုးသည်။ ထိုအမိုးအား အတိုင်းအတာ မပေးထားပါ။ ထို့ကြောင့် သိုးသားရေနှင့်ရွယ်တူဖြစ်သည်ဟု ယူဆရသည်။
၂၆:၁၅–၃၀ အကာကို အရွယ်အစား (၃)မျိုးဖြင့် ကာရံထားကြောင်း ငယ် ၁၅-၂၅ တွင် ရှင်းပြထားသည်။ အပြားတစ်ချပ်သည် ၁၅ပေ×၂ ၁/၄ ပေရှိသည်။ အကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေကွပ်ထားရသည်။ အပြားတစ်ချပ်တွင် ခြေထောက်(၂)ခုစီ ထပ်ထားသည်။ တစ်ဘက်တစ်ချက်တွင် အချပ်(၂၀)စီရှိ၍ ပင်မကျောဘက်တွင် (၆)ချပ်ရှိသည်။ အနောက်ဘက်ကို ကာရံဖို့ (၂)ချပ် သီးသန့် လုပ်ရသည်။ ထိုအကာပြားများအား အောက်ခြေတွင် ကွင်းနှင့် ကွင်းလျှိုငုပ်များအံဝင်ဂွင်ကျ အပြီးအစီးလုပ်ထားရသည်။ ထိုသစ်သားကိုလည်း ရွှေကွပ်ထားရသည်။ အလယ်ဘားတန်းသည် တစ်ဆက်တည်း ဖြစ်သည်။ ဘေးတစ်ဘက်စီတွင် အတိုချောင်းများဆက်ရသည်။ အချို့က အကာသားသည် ရဇမတ်ကွက်ကြတူရွေးတန်း ဖြစ်သည်ဟုဆိုသည်။
၂၆:၃၁–၃၇ တဲတော်ကို အဓိကအပိုင်းကြီး(၂)ပိုင်းဖြင့် ကန့်သည်။ ပထမအကန့်သည် သန့်ရှင်းသော အကန့်ဖြစ်သည်။ ပေ ၃၀×၁၅ပေ ကျယ်ဝန်း၍ နောက်တစ်ကန့်သည် သန့်ရှင်းဆုံးအကန့် (သန့်ရှင်းခြင်း၏ အသန့်ရှင်းဆုံးကျက်သရေဆောင်)ဟု ခေါ်၍ ပေ ၁၅×၁၅ ပေ ကျယ်သည်။ ထိုအကန့်နှစ်ခုကို သိုးမွှေးကုလားကာ ဖြင့်ခြားထားသည်။ ပိတ်ကားကုလားကာ နှစ်ခုကို သိုးမွှေးကုလားကာဖြင့်ခြားထားသည်။ ပိတ်ကား ကုလားကာ ပေါ်တွင် ခေရုဗိမ်အရုပ်ထိုးထားသည်။ ကုလားကာကိုတိုင်လေးတိုင်ဖြင့် ထောင်ထားသည်။ ပဋိညာဉ်သေတ္တာတော်နှင့် ကရုဏာတော်ပလ္လင်ကို အသန့်ရှင်းဆုံးကျက်သရေဆောင်ခန်းတွင် ထားသည်။ စားပွဲတော်နှင့် ရွှေမီးတိုင်စင်များကို သန့်ရှင်းသောအကန့်တွင်ထားရသည်။ အမွှေးတိုင်စင်ကို အခန်း၏ တောင်ဘက်ခြမ်းတွင် ထားရသည်။ တဲတော်အဝင်ပေါက်များကို သိုးမွှေးထည်ကုလားကာများဖြင့် ကာရံထားသည်။ ထိုကုလားကာကို ရွှေကွပ်ထားသော အကာရှသားတိုင် ငါးတိုင်ဖြင့် ထောင်ရသည်။ ထိုတိုင်များကို ကြေးဝါများဖြင့် အောက်ခြေစွပ်ထားရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
9
Users Today : 7
Users Yesterday : 6
Users This Year : 923
Views Today : 28
Views This Month : 494
Views This Year : 3438"
Our Visitor





