ထွက်မြောက်ရာကျမ်း - ၁၃
ထွက်မြောက်ရာကျမ်း - ၁၃ အနက်ဖွင့်
၁၃:၁–၁၅ အဲဂုတ္တုပြည်တွင် ရှိနေကြစဉ် ဘုရားသခင်က ဣသရေလတို့၏ သားဦးများကို သေခြင်းမှ ကင်းလွတ်ခွင့်ပေးသောကြောင့် သားဦးများနှင့် ပထမဆုံးမွေးသောတိရစ္ဆာန်များကို ဘုရားသခင်က ပိုင်ဆိုင်သည်။ ထို့ကြောင့် လေဝိအမျိုးသားများအား ယဇ်ပုရောဟုတ်အရိုက်အရာ မအပ်နှင်းမချင်း သားဦးများသည်။ ယဇ်ပုရောဟိတ်အမှုတော်ဆောင်ကြရသည်။ ပထမဆုံးမွေးသည့်စင်ကြယ်သော သတ္တဝါများကို အခါမလွန်မီ ယဇ်ကောင်အဖြစ် ပူဇော်ပသကြရသည်။ မစင်ကြယ်သော တိရစ္ဆာန်မြည်းကဲ့သို့သော အကောင်များကိုမူ ယဇ်ပူဇော်ခြင်းမပြုရ။ ထို့ကြောင့် မြည်းဦးကို ယဇ်ပူဇော်စရာရှိလျှင် သိုးသူငယ်နှင့်လဲ၍ ပူဇော်ရမည်။ အကယ်၍ မလဲလိုလျှင် ထိုမြည်း၏ လည်ပင်းကို ချိုးပစ်ရမည်။ ထိုစကားသည် ကယ်နှုတ်ခြင်းနှင့် ပျက်စီးခြင်းအား ရွေးချယ်ခွင့်ပေးခြင်းဖြစ်သည်။ နောင်ကာလတွင်မူ မြည်းအား ပိုက်ဆံနှင့် ရွေးနှုတ်ခွင့်ပြုသည် (ဝတ် ၂၇:၂၇၊ တော ၁၈:၁၅)။ အပြစ်ထဲတွင် မွေးသော သားဦးကို ရွေးယူလိုလျှင် ကရ(နှစ်ဆယ်)နှင့် ရွေးရသည် (တော် ၁၈:၁၆)။ ဤစကားသည် ဘုရားသခင်ရှေ့တွင် အကျင့်စာရိတ္တပျက်ပြားသော သားဦး၊ မစင်ကြယ်သော စိတ်ထားရှိသူကို ဆိုလိုသည်။
သားဦးသည် သန့်ရှင်းစင်ကြယ်သည်ဟု ရည်မှတ်သကဲ့သို့ (တဆေးမပါသောမုန့်သည်လည်း စိတ်နှလုံး စင်ကြယ်သော ဘုရားသခင်၏လူများဟု ခံယူသိမှတ်သည်။ ခုနှစ်ရက်လုံး တဆေးမပါသော မုန့်ပွဲတော် ကျင်းပရသည်။ သားဦးများနှင့် တဆေးမပါသော မုန့်ပွဲတော်သည် နောင်ကာလတိုင်အောင် ဣသရေလလူမျိုးအတွက် အဲဂုတ္တုပြည်မှ ထွက်မြောက်လာကြသည့် အထိမ်းအမှတ်အဖြစ် သားစဉ်မြေးဆက် ကျင်းပလာကြသည်။
၁၃:၁၆ အပိုဒ်ငယ် ၉ နှင့် ၁၆ ကိုလိုက်နာသောအားဖြင့် သားရေကြုတ်ကလေး ပြုလုပ်၍ နဖူးနှင့် လက်ကောက်ဝတ်တွင် ချည်ထားလာကြသည်။ ဝိညာဉ်ရေးရာအမြင်အားဖြင့်မူ လုပ်ကိုင်သမျှ (လက်) နှင့် မြင်မက်သမျှ(မျက်စိ)သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်းသာဖြစ်ရမည်ဟု နားလည်ရသည်။
၁၃:၁၇–၂၀ အဲဂုတ္တုပြည်မှ ခါနာန်ပြည်သို့ အနီးဆုံးဖြတ်သန်းသွားရသော (၂)ပတ်ကြာခန့် ခရီးဖြစ်သည်။ ဟောရလမ်း ဖြစ်သည်။ သို့သော် ထိုလမ်းခရီးသည် အန္တရာယ်များသည်။ အဲဂုတ္တုစစ်သားများနှင့် တွေ့ဆုံနိုင်သည်။ ထို့ကြောင့် ထိုဘေးရန်မှ လွတ်ကင်းရန် တောင်ဘက်အရပ်မှ သွား၍ သိနာတောင်ကို ဦးတည်ကြသည်။ ဣသရေလ လူများသည် ခင်းကျင်းထားသော တပ်အစဉ်အတိုင်း စနစ်တကျချီတက်ကြသည်။ ဘိုးဘေးယောသပ် မှာကြားခဲ့သည့်အတိုင်း ယောသပ်၏ အရိုးကိုလည်း တပါတည်းသယ်ဆောင်သွားကြသည်။ ထိုအကြောင်းကို C.F.Pfeiffer က ဤသို့ဆိုသည်။
သမ္မာကျမ်းစာရှုဒေါင့်အရ ဖော်ပြထားသော ဣသရေလတို့ ဖြတ်သန်းသည့်ပင်လယ်ကို “Yan Suph” ဟု ခေါ်၍ စကားပြေအားဖြင့် “ကျူတောပင်လယ်” (ထွ ၁၃:၁၈)ဟု အနက်ရသည်။ ထိုဒေသရှိ Bitter ရေအိုင်သည် ရှေးအခါက ပင်လယ်နီနှင့် ဆက်စပ်သည်။ ထို့ကြောင့် ကျူတောဟုအမည်ရသော “Reed Sea” ကို ပင်လယ်နီနာမနှင့် ဆက်စပ်သော “Red Sea” ဟု ခေါ်တွင်လာကြသည်။ ထိုသို့ပင်လယ်ဖြတ်ကျော်သည့် အကြောင်းကို အမျိုးမျိုးဖွင့်ဆို ရေးသားကြသော်လည်း လုံလောက်သော အချက်အလက် အထောက်အထား မရှိပါ။၁၁
၁၃:၂၁–၂၂ ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် အတူတွက် ရှိနေ ကြောင်းကို နေ့ကာလ၌ လမ်းပြ မိုးတိမ်၊ ညဉ့်အခါ၌ အလင်းမီးတိုင်ဖြင့် ထင်ရှားသည် ဤအချက်များကို Matthew Henry က “မပြောင်းလဲသော အံ့ဘွယ်တန်ခိုးလက္ခဏာ”၁၂ ဟု ဆိုသည်။ ထိုဘုန်းတန်ခိုး တိမ်သလ္လာကို ဟေဗြဲများက ရှေကေနဟု မှတ်ယူ၍ အမြဲအတူရှိခြင်းဟု အဓိပ္ပါယ်ရသည်။ မီးအလင်ဖြင့်လမ်းပြခြင်းသည် ဣသရေလလူများအား ဘေးမသီရန်မခ အောင် ကွယ်ကာ စောင့်ရှောက်ခြင်း၊ ရန်သူ့ဘေးရန်မှ လုံခြုံစေခြင်း (ထွ ၁၄:၁၉-၂၀) ဖြစ်သည်။ ထိုနိမိတ်လက္ခဏာ နှစ်ခုစလုံးသည် သခင်ခရစ်တော်ဘုရား၏ ဂုဏ်အင်လက္ခဏာများ ဖြစ်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
8
Users Today : 6
Users Yesterday : 6
Users This Year : 922
Views Today : 15
Views This Month : 481
Views This Year : 3425"
Our Visitor





