ထွက်မြောက်ရာကျမ်း - ၁၀
ထွက်မြောက်ရာကျမ်း - ၁၀ အနက်ဖွင့်
(ဇ) အဌမကပ်ဆိုး၊ ကျိုင်းကောင်များ (၁၀:၁–၂၀)
၁၀:၁–၂၀ မောရှေနှင့်အာရုန်က ဖာရောမင်းထံ လျှောက်ပြန်သောအခါ ဖာရောမင်းက ခွင့်ပြုသည်။ သို့သော် အမျိုးသားများသာ သွားခွင့်ပြုသည်။ မိန်းမများနှင့် ကလေးသူငယ်များ ထားပစ်ခိုင်းသည်။ ဘုရားသခင်သည် မိသားစုအားလုံး အေးအတူပူအမျှ မရှိအတူ ရှိအတူ မျှဝေခံစားစေချင်သည်။ သို့နှင့် ဖာရောမင်းအား ဆုံးမပြန်သည်။ ဩကာသလောကတခွင်လုံးသို့ ကျိုင်းကောင်အနှံ့စေလွှတ်သည်။ အသီးအရွက်များ လိုက်စားကုန်သည်။ ဘေးရန်အား အဲဂုတ္တုတို့ ဘုရားတုသေရာပိက ဟန့်တားနိုင်စွမ်းမရှိ။ ဖာရောမင်းသည် တထစ် စိတ်လျှော့ကြလာသည်။ သို့သော် မိန်းမများနှင့် ကလေးသူငယ်များကို သွားခွင့် မပြုနိုင်။
(ဈ) နဝမကပ်ဆိုး၊ သုံးရက်လုံးလုံးမှောင်မိုက်ခြင်း (၁၀:၂၁–၂၉)
၁၀:၂၁–၂၈ (၃)ရက်လုံးလုံး မှောင်မိုက်ဖုံးသဖြင့် လှုပ်ရှားသွားလာမှုမပြုကြ။ သို့သော် ဣသရေလများသည် အလင်းထဲတွင် သွားလာရသကဲ့သို့ ပုံမှန် အနေအထားဖြစ်သည်။ အဲဂုတ္တုတို့၏ နေဘုရား Ra လည်းတန်ခိုး မပြနိုင်။ ဖာရောမင်းက မောရှေအား မိန်းမများနှင့်ကလေးများပါ ခေါ်၍ သွားခွင့်ပြုသည်။ သို့သော် ဆိတ်၊ သိုး၊ နွားများကို ထားပစ်ခိုင်းသည်။ ဣသရေလတို့ ပြန်လာအောင် အပေါင်သဘောဖြင့် သိမ်းထားသည်။ အကယ်၍ ထိုသို့ တိရစ္ဆာန်များထားပစ်ခဲ့လျှင် ယေဟောဝါဘုရားသခင်အား ပူဇော်စရာ ယဇ်ကောင်ရှိမည်မဟုတ်။ ထို့ကြောင့် ထိုသို့ မဖြစ်နိုင်ကြောင်း မောရှေ ဆင်ခြေတက်သည်။
၁၀:၂၉ ဖာရောမင်းက သူ့မျက်နှာနောက်တစ်ခါ မတွေ့ချင်ဟု ဆိုသောအခါ မောရှက “ကောင်းပါပြီ၊ နောက်တဖန် မမြင်ပါ” ဟုဆိုသည်။ ဤကျမ်းပိုဒ်သည် ၁၁:၈ နှင့် သဘောကွဲလွဲနေသည်။ မောရှေသည် ဖာရောရှေ့မှ ဒေါနှင့်မောနှင့် ဆောင့်အောင့်ထွက်သွားသည်ဟု ဆိုထားသည်။ Matthew Henry က “နောက်တဖန် ဘယ်သောအခါမှ” ဆိုသည်မှာ ယခုချိန်မှစ၍ဟု ဆိုလိုသည်။ ၁၁:၈ သည်ယခုအဖြစ်အပျက်နှင့် အကြုံးဝင်သည်ဟု ဤသို့ရှင်းပြသည်။
ယခုတွေ့ဆုံသည့်နောက်ပိုင်းတွင် မောရှေသည် ဖာရောမင်းနှင့်မဆုံတော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်မခံ၊ ငြင်းပယ်၍ မထီမဲ့မြင်ပြုခြင်းသည် မိမိအား ပျက်စီးရာပျက်စီးကြောင်း ရှာဖွေခြင်း ဖြစ်သည်။ ရုပ်တုဆင်းတုတော်ကို ဥပေက္ခာပြုခြင်း ဖြစ်သည်။ Gadarenes ရာဒရလူများက ခရစ်တော်အား ထွက်ခွာဖို့ ပြောသောအခါ ကိုယ်တော်ထွက်ခွါခဲ့သည်။၉
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716"
Our Visitor





