တောလည်ရာကျမ်း - ၃၀
တောလည်ရာကျမ်း - ၃၀ အနက်ဖွင့်
၃၀:၁–၅ ဤအခန်းသည် ကျမ်းသစ္စာ၊ ကတိတော်ပြုခြင်း လမ်းညွှန်ချက်ဖြစ်သည်။ ဘုရားသခင်သို့ ပြုထားသော ကတိသစ္စာကို အပ်သောအခါမှ မဖောက်ဖျက်ရ။ ကတိတည်ရသည်။ မိဘအုပ်ထိမ်းမှုအောက်မှာ ရှိနေသော သမီးသည်လည်း ဖခင်က မကန့်ကွက်လျှင် ဘုရားသခင်၌ ကတိသစ္စာပြုနိုင်သည်။ အကယ်၍ ဖခင်က မကျေနပ်လျှင် ပထမနေ့ရက်တွင် ပြန်လည် ရုတ်သိမ်းနိုင်သည်။ အကယ်၍ လ၏ပထမနေ့ထိ ကန့်ကွတ်ခြင်းမရှိလျှင် အတည်ဖြစ်သည်။
၃၀:၆–၁၆ အပိုဒ်ငယ် ၆-၈ သည် အိမ်ထောင်မပြုမှီကာလ မိန်းကလေးနှင့် သက်ဆိုင်သည်။ လင်ယောက်ျားရှိသော မိန်းမက၊ ကတိသစ္စာပြုလျှင် လင်သား၏သဘောတူညီခွင့်ပြုချက်ရှိရသည်။ အကယ်၍ ခင်ပွန်းသည်က ခွင့်မပြုလျှင် နေ့တွင်းချင်းကန့်ကွက်နိုင်သည်။ မုဆိုးမနှင့်လင်ကွာသော မိန်းမများ၏ကတိ သစ္စာပြုပုံကို (အငယ်၉)တွင် ရှင်းပြထားသည်။ ကာမပိုင် ယောက်ျားရှိသူသည် (ငယ် ၁၀-၁၅)။ လင်သား၏ဦးစီး ဦးဆောင်မှုကို ခံယူခြင်းဖြစ်သည်။ တစ်ရက်လွန်ပြီးမှ ခင်ပွန်းကသိရှိလျှင် ထိုမိန်းမ၌ အပြစ်ရှိသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်တောင်းပန်ရသည်။ သို့မဟုတ် ဘုရားသခင်ပေးသော အပြစ်ဒဏ်ခံယူရသည် (ငယ် ၁၅)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
1
9
Users Today : 2
Users Yesterday : 2
Users This Year : 1023
Views Today : 2
Views This Month : 739
Views This Year : 3683"
Our Visitor





