တောလည်ရာကျမ်း - ၂၇
တောလည်ရာကျမ်း - ၂၇ အနက်ဖွင့်
(ဂ) သမီးများ အမွေခံစားခွင့် (၂၇:၁–၁၁)
၂၇:၁–၁၁ မနာရှေအမျိုး ဇလောဖဒ်၏သမီး ငါးယောက် မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာ တို့သည် မောရှေထံသို့ လာ၍ ခါနန်မြေတွင် မြေယာခွဲတမ်းရှိကြရန် တောင်းဆိုကြသည်။ သူတို့သည် မိန်းမသားများဖြစ်ကြသော်လည်း သူတို့အမျိုးတွင် ယောက်ျားသားများ မကျန် ကွယ်လွန်ကြသောကြောင့် ကောရ မျိုးနွယ်စုခွဲတမ်းတောင်းဆိုခြင်းဖြစ်သည်။ ဘုရားသခင်ကလည်း ဖခင်၏ဝေစုခံယူခွင့် ရှိသည်ဟုဆိုသည်။ ယေဘူယျအားဖြင့် ယောက်ျားကလေးများသာ မျိုးရိုးအမွေ ဆက်ခံထိုက်သူ ယောက်ျားသားမရှိလျှင် မိန်းကလေးများသည်လည်း အမွေဆက်ခံခွင့်ရှိသည်။ ထိုပညတ်တရားသည် အစဉ်အမြဲတည်မြဲသွားသည် (ငယ်၁-၁၁)။
(ဃ) မောရှေလက်ထောက်ယောရှု (၂၇:၁၂–၂၃)
၂၇:၁၂–၁၄ မောရှေအားများမကြာမီ သေတော့မည့်အကြောင်း ဘုရားသခင်သတိပေးသည်။ ထိုကြောင့် အာဗရိမ်တောင် (ပင်လယ်သေ၏ အရှေ့ဘက်တောင်တန်း)သို့ တက်ခိုင်းသည်။ မောရှေသေသော နေဘူတောင်သည် ထိုတောင်တန်း၏ တောင်စွယ်ဖြစ်သည်။
၂၇:၁၅–၂၃ မောရှေသည်လည်း ဘုရားသခင်၏ စကားတော်နာခံလျက် နုန်၏သားယောရှုအား သူ့လက်ထောက်ကိုလည်း တစ်ပါတည်းတောင်ပေါ်သို့ ခေါ်ဆောင်သွားသည်။ နုန်၏သားသည် မောရှေနောက်တွင် ဣသရေလလူမျိုးခေါင်းဆောင်အဖြစ် အာဏာလွှဲပြောင်းပေးရမည့်သူဖြစ်၍ ယောရှုဟု ထိုနေရာတွင် နာမည်ပေးလိုက်သည်။ ဣသရေလသမိုင်းစဉ်တွင် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ် အရိုက်အရာများကို မိသားစုအမွေအဖြစ်ခံယူလေ့ရှိကြသည်။ ယောရှုသည် မောရှေ၏သား မဟုတ်သော်လည်း လက်ထောက်အစေအပါးဖြစ်သည် (ထွ ၂၃:၁၃)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





