တောလည်ရာကျမ်း - ၂၅
တောလည်ရာကျမ်း - ၂၅ အနက်ဖွင့်
၃။ ဗာလမ်ကဣသရေလတို့ဖျက်ဆီးခြင်း (အခန်း ၂၅)
၂၅:၁–၃ ဤအခန်းတွင် ဗာလမ်၏နာမည် မတွေ့ရသော်လည်း (တော၃၁:၁၆)တွင် ဣသရေလတို့အား ဖျက်ဆီးပုံတွေ့ရသည်။ ဗာလက်ပေးသော ဆုလက်ဆောင်များက ဗာလမ်၏ စိတ်နှလုံးအား မပြောင်းလဲစေနိုင်သော်လည်း ထိုဆုလက်ဆောင်များကို လက်ခံရယူထား သောကြောင့် ဣသရေလလူတို့အား အကုသိုလ်ဖြစ်စေသည်။ ဣသရေလယောက်ျားများသည် မောဘမိန်းမများနှင့် လင်မယားနေကြသည်။ စာတန်သည် တိုက်ရိုကမအောင်မြင်လျှင် သွယ်ဝိုက်သော နည်းလမ်းဖြင့် လက်သီးပုန်းထိုးတတ်သည်။
ဗာလမ်၏ သရုပ်မှန်ကို ဤနေရာတွင် တွေ့ရသည်။ ယခုချိန်ထိ ဗာလမ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော် ယုံကြည်သစ္စာရှိသော ပရောဖက်အဖြစ် မြင်ကြရသည်။ ဘုရားသခင်၏ လူများကို ချစ်ခင် သံယောဇဉ်ရှိသူအဖြစ် တွေ့ကြရသည်။ သို့သော် တော ၃၁:၁၆ နှင့် ၂:၁၅-၁၆ တွင် ဖြောင့်မတ်ခြင်းကို ငွေဖြင့်လဲလှယ်သူ၊ ဘနဖူးသိုက်တူးသူ အဖြစ် ရေးထားသည။ ဗာလမ်မင်းကိုလည်း ဣသရေလလူများအား ရုပ်တုဆင်းတု ဘုရားတုပူဇော်သော ခေါ်စာစားစေဖို့ ညစ်ညမ်းသော မေထုန်မှီဝဲစေဖို့ အကြံဉာဏ်ပေးသည် (ဗျာ ၂:၁၄)။ ထိုအကြံဉာဏ်အတိုင်း ကိုယ်တိုင်လည်း ဗာလမ်ပေဂုရဘုရား ဆည်းကပ်သည်။
၂၅:၄–၈ (က) ထိုအပြစ်ဒုစရိုက်ကျူးလွန်သော ဣသရေလခေါင်းဆောင်များအား ဘုရားသခင်က နေပူထဲသို့ ထုတ်ဆောင်ခိုင်းသည်။ အပြစ်ဒဏ်စီရင်ခြင်းမပြုမှီ ရှိမောင်အမျိုး ခေါင်းဆောင်သည် မိဒျန်အမျိုးသမီးတစ်ဦးအား တဲထဲသို့ ခေါ်ဆောင်သဖြင့် (ငယ်၁၄) အာရုန်၏မြေး၊ ဧလျာဇာ၏သား ဖိနဟုတ်က လှံဖြင့်ထိုးလိုက်ရာ ထိုယောက်ျားနှင့် မိန်းမနှစ်ယောက်စလုံး ထုတ်ချင်းခတ် သေပွဲဝင်ကြသည်။ ထိုအကြောင်းကို Samuel Ridoutက ဤသို့ဆိုသည်။
ဖိနဟတ်(ကြေးဝါပါးစပ်ဟုအနက်ရသည်) သည် သူမတူအောင် ဘုရားသခင်၌ သစ္စာရှိသူဖြစ်သည်။ သူ၏အပြစ်ဒုစရိုက်မုန်းတီးမှုကြောင့် သူ၏ယဇ်ပုရောဟိတ်အရိုက်အရာနှင့် သူ့မိသားစုများသည် လုံခြုံသည်။၁၅
၂၅:၈(ခ)-၁၃ ဘုရားသခင်က ဣသရေလအမျိုးထဲသို့ ကာလနာဘေးဆိုး ကျရောက်စေသဖြင့် လူအပေါင်းနှစ်သောင်းလေးထောင် သောက်သောက်လဲ သေကြသည်။ (၁ကော ၁၀:၈ တွင် တစ်ရက်တည်း၌ နှစ်သောင်းသုံးထာင်သေကြသည်ဟု ဆိုသည်)။ ဖိနဟတ်၏ သူရဲကောင်း လုပ်ဆောင်မှုကြောင့် ကာလနာရောဂါ ရပ်စဲသွားသည်။ ဘုရားသခင်အား အလွန်အမင်းယုံကြည် သစ္စာရှိသူဖြစ်သောကြောင့် ဖိနဟတ်၏ သားစဉ်မြေးဆက်သည် ယဇ်ပုရောဟိတ်ကောင်း ဖြစ်ကြသည်။
၂၅:၁၆–၁၈ ဘုရားသခင်က မောရှေအား မောဘအမျိုးကို နှိမ်နင်းခိုင်းသည်။ အဘယ်ကြောင့်ဆိုသော် မောဘအမျိုးသည် ညာဉ်မကောင်းကြ၊ ယေဟောဝါဘုရားကို ကိုင်းရှိုင်းသူများမဟုတ်သောကြောင့် ထိုဖြစ်ရပ်ကို မီးမွှေး၍ ဣသရေလလူတို့အား ရန်ညှိုးလုပ်ကြမည်။ ဖြစ်လာမည့်အကြောင်းအရာကို အခန်းကြီး ၃၁တွင် ရေးသားထားသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716"
Our Visitor





