တောလည်ရာကျမ်း - ၁၇
တောလည်ရာကျမ်း - ၁၇ အနက်ဖွင့်
၁၇:၁–၉ အာရုန်၏မိသားစုသည် ဘုရားသခင် အသိအမှတ်ပြုခန့်အပ် ယဇ်ပုရောဟိတ်မျိုး စစ်မှန်ကြောင်း ဘုရားရှင်က သက်သေထူစေသည်။ လူမျိုးအသီးသီးသို့ ပေးထားသော ရာဇလှံတံပေါ်တွင် မိမိတို့နာမည် ရေးကြလျက်တစ်ညလုံး ပရိသတ်စည်းဝေးရာတဲတွင် ထားခိုင်းသည်။ လေဝိအမျိုး၏ လှံတံတွင် အာရုန်၏နာမည်ရေး ထိုးထားကြသည်။ ဘုရားသခင် ရွေးကောက်သူ၏ လှံတံသည် နောက်တစ်နေ့တွင် သူများ လှံတံနှင့်မတူ၊ တမူထူးခြားရမည်။ နောက်တစ်နေ့မိုးလင်း၍ လှံတံများကို စစ်ဆေးကြသောအခါ အာရုန်၏ လှံတံသည် အရွက်ထွက်ပွင့်ငုံလျက် ဗာဒံသီး သီးသည်။ အာရုန်၏ လှံတံသည် ဘုရားသခင်ရွေးချယ်ထားသော ခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည် (၁ကော ၁၅:၂၀-၂၃)။ သန့်ရှင်းသောဌာနတော်ရှိ ရွှေမီးတိုင်စင်များသည် ဗာဒံသီးပုံသဏ္ဌာန်၊ အဖူးအငုံများနှင့် ပြုလုပ်ထားခြင်းဖြစ်သည် (ထွ၂၅:၃၃-၃၄)။ ထိုမီးတိုင် နေ့စဉ်မီးထွန်းညှိရေးသည် ယဇ်ပုရောဟိတ်၏ တာဝန်ဖြစ်သည်။ အာရုန်၏လှံတံတွင် ဗာဒံအသီးအငုံ၊ အရွက်ပေါက်ခြင်းသည် အာရုန်၏ မိသားစု ဘုရားသခင်က ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုပေးခြင်းဖြစ်သည်။
၁၇:၁၀–၁၃ ထိုအချိန်မှစ၍ အာရုန်၏လှံတံကို ပုန်ကန်သူများ နှိပ်ကွပ်သည့် အထိမ်းအမှတ်အဖြစ် ပဋိညာဉ်သေတ္တာထဲတွင် ထိန်းသိမ်းထည့်ထားသည်။ ထို့နောက်ပိုင်း လူထုပရိသတ်အပေါင်းသည် ပရိသတ်စည်းဝေးရာတဲတော်ကား ယခင်ကထက် ရှိန်ကြသည်။ တော်ရုံတန်ရုံနှင့် မဝင်ရဲကြ။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716"
Our Visitor





