တရားဟောရာကျမ်း - ၃၀
တရားဟောရာကျမ်း - ၃၀ အနက်ဖွင့်
(ဂ) ပဋိညာဉ်ပြန်လည်တည်ဆောက်အသက်သွင်းခြင်း (အခန်း၃၀)
၃၀:၁–၁၀ ဤအခန်းတွင် ဣသရေလတို့ပဋိညာဉ်ချိုးဖောက်၍ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည့်အကြောင်း အစချီထားသည်။ မည်သို့ ဆက်လုပ်ကြမည်နည်း။ အကယ်၍ နောင်တရပြီး ဘုရားသခင်ထံတော်သို့ ပြန်လာလျှင် ဘုရားသခင်က ကရုဏာတော်ထားလျက် ပြန်လည်ထူထောင်နလံထစေသည်။ ပြည်တော်သို့ပြန်လည်ဝင်ရောစေမည်။ ရုပ်ခန္ဓာကိုယ်အားဖြင့် ပုံမှန်အနေအထားပြန်ရောက်ကြသကဲ့သို့ ဝိညာဉ်ရေးရာအသစ်တွင် ပြန်လည်နိုးကြားထမြောက်စေမည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်မဲ့ချစ်စေခြင်းငှါ၊ သင့်နှလုံးနှင့်သင်အမျိုး၏နှလုံးအရေဖျားကို လှီးဖြတ်တော်မူမည်(ငယ်၆)။ ထိုအခါ ဣသရေလ၏ ရန်သူများအမင်္ဂလာသင့်နေကြသည့်အချိန်တွင် ဣသရေလတို့သည် နာခံခြင်းရှိကြသောကြောင့် ကောင်းချီးမင်္ဂလာ၌ ပျော်ရွှင်ကြမည်။ လူ့အတွေးအကြံဉာဏ်ပညာများသည် ဖောက်ပြန်မှားယွင်းတတ်သော်လည်း အမြင့်ဆုံးသော ဘုရားသခင်၏ အကြံအစည်တော်သည် မှားယွင်းခြင်းမရှိနိုင်။ ဣသရေလဘိုးဘေးများသို့ဘုရားသခင် ပြုထားသည့်ကတိတော်မြေကို သားစဉ်မြေးဆက် စိုးပိုင်ခွင့်ရရှိသွားကြမည်။ တိုင်းတစ်ပါးသို့ ဖမ်းဆီး ကျွန်ပြုခြင်းခံရပြီးနောက် ဘုရားသခင်၏ သဘောထားအမှန်သိရှိလာကြသောအခါ အသက်တာအမှန် ပြောင်လဲကြမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်တွင် ချို့ယွင်းချက်၊ ကန့်သတ်ချက်မရှိ။ ကြီးမြတ်သောချစ်ခြင်းမေတ္တာပိုင်ရှင်ဖြစ်သည်။ အပိုဒ်ငယ် ၆ကို ရာစုနှစ်ပေါင်းကြာလာသောအခါ နှောင်းပရောဖက်များက ပြန်လည်ဆန်းသစ်လာကြသည် (ယေ ၃၂:၃၉ နောက်ပိုင်း၊ ယေဇ ၃၆:၂၄ နောက်ပိုင်း) ဤပဋိညာဉ်ကို ဓမ္မဟောင်းကျမ်းတွင် ရေးမှတ်ထားသော်လည်း ခရစ်တော်ဘုရား အသေခံသည့်အချိန်ထိ ပြည့်စုံခြင်းမရှိသေး။ ခရစ်တော်၏ အသွေးတော်ဖြင့် ပဋိညာဉ်သစ် ထပ်တည်သည် (လု ၂၂:၂၀)။
၃၀:၁၁–၁၄ ဘုရားရှင်ပြုတော်မူသော ပဋိညာဉ်သည် နားမလည်နိုင်လောက်အောင် ခက်ခဲ(လျှို့ဝှက်နက်နဲ)သည်မဟုတ် မလိုက်နာနိုင်လောက်အောင် အလှမ်းဝေးကွာသည်မဟုတ်။ မစောင့်ထိန်းနိုင်စရာအကြောင်းမတွေ့။ ဘုရားသခင်က ပြဌန်းထား၍ လူ့ဘက်မှ လိုက်နာစောင့်ထိန်းဖို့ ဝတ္တရာရှိသည်။ ထိုစကားကို ပေါလုက ရော ၁၀:၅-၈ နှင့် ခရစ်ဝင်ကျမ်းများတွင် ပြန်သုံးထားသည်။ ပဋိညာဉ်တရားသည် လူများမကျဆုံးစေရန် ပြန်ဌာန်းခြင်းဖြစ်သောကြောင့် စောင့်ထိန်းဖို့မလွယ်။ နောက်တရ၍ ယဇ်ပူဇော်စရာယူဆောင်လာဖို့လိုသည်။ သခင်ခရစ်တော်က ယဇ်ပူဇော်ခြင်း သင်ခန်းစာ ပြသပြီးဖြစ်၍ အပြစ်နောင်တနှင့်အတူ သခင်ခရစ်တော်အား ဆက်ကပ်ယုံကြည်ခြင်းသည် လုံလောက်သော ယဇ်ပူဇော်ခြင်းဖြစ်သည်။
၃၀:၁၅–၂၀ လူသည် တစ်ဘက်ရှိ ကောင်းသောအရာနှင့်သေခြင်း၊ အခြားတစ်ဘက်ရှိ ဆိုးညစ်မှုနှင့်သေခြင်းတို့ကို ရွေးချယ်ရသည်။ နာခံခြင်းသည် အသက်ရှင်ခြင်းဖြစ်၍ မနာခံခြင်းသည် သေရွာသွားလမ်းဖြစ်သည်။ ဣသရေလတို့အား အသက်ရှင်ခြင်းနှင့် ကောင်းကြီးမင်္ဂလာခံစားခြင်း ရွေးချယ်ကြရန် မောရှေက တိုက်တွန်းသည်။ ကောင်းသောအဖြေစကားကြားချင်သည်။ ဝိညာဉ်ရေးရာကြွယ်ဝသော အသက်တာရှည်လိုလျှင် ဘုရားရှင်တော်ကို ကိုးစားရမည်။ ထိုကျမ်းစကားတော်၏ ဆန့်ကျင့်ဘက်၌မူကား ကျိန်ခြင်းအမင်္ဂလာပါပေတည်း။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





