တရားဟောရာကျမ်း - ၂၅
တရားဟောရာကျမ်း - ၂၅ အနက်ဖွင့်
၂၅:၁ အပြစ်ဒဏ်တွေ့ရှိ၍ ကြိမ်ဒဏ်ခံရသူကို အချက်(၄၀)ထက်ပိုမရိုက်ရ။ ယုဒများသည် ထိုပြဌာန်းချက်ကို လေးစားသောအားဖြင့် ကြိမ်ဒဏ်(၃၉)ကြိမ်သာ လက်တွေ့ရိုက်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရေတွက်မှားမည်စိုး၍ အကြိမ်(၄၀)ထက်မပိုမှားရလေအောင် တစ်ချက်လျှော့ရိုက်လေ့ရှိသည်။ (၂ကော ၁၁:၂၄ ကိုလည်းကြည့်)။
၂၅:၄ စပါးနယ်နေသောနွားပါးစပ်ကို မချုပ်တည်းရ။ စားခွင့်ပြုရသည်။ ဤကျမ်းချက်ကို ရှင်ပေါလုက ကိုးကား၍ အမှုတော်ဆောင်များသည် နဝကမ္မအလှူငွေများ လက်ခံနိုင်ကြောင်း သွန်သင်ထားသည် (၁ကော၉:၉-၁၁)။ ထိုစကားသည် ပညတ်တရားအား ဝိညာဉ်ရှုဒေါင့်ဖြင့် သင်ခန်းစာရယူတတ်ဖို့ သွန်သင်ခြင်းဖြစ်သည်။ ကျမ်းစကား၏ အဓိပ္ပါယ်သည် စကားလုံးပေါ်တွင်ပါရှိသမျှသာမကပါ။ ထိုထက်လေးနက်ကျယ်ပြန့်သည်။ ဉာဏ်ရေနပ်သောကျမ်းစာသုတေသီတိုင်း ဝိညာဉ်ရေးရာသင်ခန်းစာ နေရာတကာတွင် တွေ့မြင်နိုင်ကြပါသည်။
(၁၃) လေဝိသားတို့ ထိမ်းမြားခြင်းထုံး (၂၅:၅–၁၀)
၂၅:၅–၁၀ ဣသရေလတစ်ယောက် သားမထွန်းကားမီ သေဆုံးလျှင် မိသားစုသားမြေးစာရင်းတွင် သူ၏ နာမည်ပျောက်ပျက်ခြင်းနှင့် မိသားစု အမွေဆက်ခံသူမရှိခြင်းသည် စိုးရိမ်စရာဖြစ်သည်။ သို့ကြောင့် ကွယ်လွန်သူ၏ ညီအစ်ကိုတစ်ယောက်ယောက်သည် ကျန်ရစ်ခဲ့သောမုဆိုးမအား သိမ်းပိုက်ရသည်။ ထိုလေဝိထုံးနည်းနာများသည် ရှေးလေဝိသားများ လူမှုကျင့်စဉ် ဖြစ်သည်။ အကယ်၍ ကျန်ရစ်သူညီအစ်ကိုက လက်မခံလျှင် ထိုမုဆိုးမသည် လူကြီးသူမများထံသို့ တိုင်တန်းနိုင်သည်။ ခုံဘိနပ်တစ်ဘက်ချွတ်၍ ထိုသူအား ပါးရိုက်ခဲ့ပြီး “အစ်ကို့အမျိုးကို မထိန်းသိမ်းချင်သူ” ဟု ပြောဆိုကာ မိဘမောင်များထံသို့ ပြန်ရသည်။
ဝတ် ၂၀:၂၁ တွင် မိမိညီအစ်ကို၏ မယားအားမယူဟု တားမြစ်ထားသော်လည်း ဤကျမ်းချက်တွင် ပေါင်းသင်းစေသည်။ ဝတ်ပြုရာကျမ်းချက်တွင် ပေါင်းသင်းစေသည်။ ဝတ်ပြုရာကျမ်းမှာ လင်သား အသက်ရှိနေချိန် ဖြစ်၍ ဤကျမ်းချက်တွင်မူ လင်သားကွယ်လွန်ပြီးနောက် ပေါင်းသင်းခိုင်းခြင်းဖြစ်သည်။
(၁၄) အထူးပညတ်ချက် (၃)ခု (၂၅:၁၁–၁၉)
၂၅:၁၁–၁၂ ရန်ဖက်လုံးထွေးနေသောမိမိခင်ပွန်းသည်အား ကူညီသောအာဖြင့် တစ်ဘက်ယောက်ျား၏ ကိုယ်ပိုင်ပစ္စည်းကို ဖမ်းကိုင်လျှင် ထိုမိန်းမ၏ လက်ကိုဖြတ်ပစ်ရမည်။ ထိုမိန်းမ၏အပြုအမူသည် တစ်ဘက်သားလူအား ကြီးမားသောအန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကြီးလေးသောအပြစ်ဒဏ်ပေးရသည်။
၂၅:၁၃–၁၆ အရောင်းအဝယ်ပြုလုပ်သူများသည် အလေးမှန်၊ ကိုက်မှန်၊ တင်းတောင်းမှန် ချိန်တွယ်ရသည်။ ဝယ်သောအခါ ကလေးတစ်ခု၊ ရောင်းသောအခါ တခြားအလေးမသုံးရ။ ဘုရားသခင်ရှေ့၌ စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သည်။
၂၅:၁၇–၁၉ အာမလက်လူမျိုးသည် လိမ်လည်ကောက်ကျစ်ခြင်းနှင့် ရက်စက်ခြင်းသရဖူဆောင်းခဲ့သူများ ဖြစ်သောကြောင့် ဖျက်ဆီးခြင်းခံရမည် (ထွ ၁၇:၈-၁၆)။ ဣသရေလတို့သည် အာမလက်တို့၏ ပျက်စီးခြင်းကို မေ့လျှော့ကြမည်ဖြစ်သော်လည်း ဆိုးပြစ်များကိုမူ မမေ့ရ။ ရှောလုသည် ဘုရားရှင်၏စကားတော်ကို မနာခံခဲ့ (၁ရာ၁၅)။ သို့ကြောင့် ဟေဇကိမင်းလက်ထက်တိုင်အောင် အာမလက်အကြွင်းအကျန်တို့၏ ပုန်ကန်ခြင်း ခံရသည်(၅ရာ၄:၄၃)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
5
Users Today : 4
Users Yesterday : 9
Users This Year : 929
Views Today : 4
Views This Month : 503
Views This Year : 3447"
Our Visitor





