တရားဟောရာကျမ်း - ၂၄

ပြတ်စဲခြင်းနှင့်အိမ်ထောင်သစ်ပြုခြင်း
1တစ်စုံတစ်ယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။မ၊ ၅:၃၁၊ ၁၉:၇ ။ မာ၊ ၁၀:၄။ 2ထိုမိန်းမသည် လင်အိမ်မှထွက်သွားသောနောက်၊ အခြားသောသူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။ 3နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊ 4အရင်လွှတ်လိုက်သောလင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တစ်ဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဖွယ်သောအမှု ဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
အထွေထွေပညတ်များ
5အိမ်ထောင်ဖက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တစ်နှစ်ပတ်လုံး ကိုယ်အိမ်၌အလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။
6ကြိတ်ဆုံအပေါ် ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့်တူ၏။ 7လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေလအမျိုးသားကိုခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကိုတွေ့မိလျှင် အသေသတ်ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ပယ်ရှားရကြမည်။ထွ၊ ၂၁:၁၆။
8နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ်ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။ဝတ်၊ ၁၃:၁-၁၄၊၅၄။ 9သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြစဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။တော၊ ၁၂:၁၀။
10သင်သည် အမျိုးသားချင်း၌ တစ်စုံတစ်ခုကို ချေးငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲသို့ မဝင်ရ။ထွ၊ ၂၂:၂၆-၂၇။ 11သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသောဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ရမည်။ 12ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသောဥစ္စာကို ပြန်မအပ်ဘဲ ညကိုမလွန်စေရ။ 13သူသည် မိမိအဝတ်ကိုဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းချီးပေးမည် အကြောင်း၊ သူပေါင်၍ထားသော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။ 14အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ်သောသူငှားကို မညှဉ်းဆဲရ။ဝတ်၊ ၁၉:၁၃။ 15နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက်သောအခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကိုအပြစ်တင်၍ ထာဝရဘုရားကို အော်ဟစ်သဖြင့် သင်၌အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
16အဘသည် သား၏အပြစ်ကြောင့်လည်းကောင်း၊ သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။၄ရာ၊ ၁၄:၆။ ၆ရာ၊ ၂၅:၄။ ယေဇ၊ ၁၈:၂၀။ 17တရားရှာတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုဆိုးမအဝတ်ကို အပေါင်မယူရ။ထွ၊ ၂၃:၉။ ဝတ်၊ ၁၉:၃၃-၃၄။ တရား၊ ၂၇:၁၉။ 18သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။
19သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။ဝတ်၊ ၁၉:၉-၁၀၊ ၂၃:၂၂။ 20သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန်ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။ 21သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသောအသီးသည် တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ဖြစ်ရမည်။ 22သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။

တရားဟောရာကျမ်း - ၂၄ အနက်ဖွင့်

(၁၁လင်မယားကွာရှင်းခြင်းနှင့်နောက်အိမ်ထောင် (၂၄:)

          ၂၄: မစင်ကြယ်သော မယားအား စိတ်တိုင်းမကျလျှင် ပြတ်စာပေး၍ ပြတ်စဲနိုင်သည်။ ထိုသို့ ပြတ်ဆဲပြီးသောကြောင့် နောက်ထိုမိန်းမသည် နော်ကအိမ်ထောင်ပြုခွင့်ရှိသည်။ ဒုတိယလင်နှင့် တဖန်ကွဲ၍ ဖြစ်စေ၊ သေဆုံး၍ ဖြစ်စေ၊ ပထမလင်နှင့် ပြန်မပေါင်းရ။ ယေဟောဝါဘုရားရှင်သည် အမျိုးသားများအား မယားကွာရှင်းခွင့်ပြုထားသည် (ယေ ၃:၁-၈)။ ယုံကြည်ခြင်းသစ္စာရှိသော ထိုမိန်းမကို တစ်နေ့သောအခါ ဘုရားရှင်က သိမ်းပိုက်ပါမည်။ လူများမချစ်နိုင်သောသူကိုလည်း ဘုရားသခင်က ချစ်ခင်မြတ်နိုးသည်။ မေတ္တာတော် လေးနက်ကြီးမားလှပေစွ။

(၁၂လူမှုတရားအထွေထွေ (၂၄:၂၄:)

          ၂၄: ချစ်ခင်စညားခါစယောက်ျားအားပထမနှစ်အတွင်းတွင် စစ်မြေပြင်သို့မလွှတ်ရ။ မိသားစုဘဝသစ် အိုးသစ်အိမ်တည်ထောင်ဖို့၊ အချိန်ပေးရသည်။ အကယ်၍ စစ်မြေပြင်တွင် တိမ်းပါးသွားပါက သူ၏အမည်ဆက်ခံမည့် သားမရှိသဖြင့် ဣသရေလအမျိုးအနွယ်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုကျန်ရစ်သော မုဆိုးမအသစ်ကလေးကို အနီးစပ်ဆုံးယောက်ျားသားက အမွေစားအမွေခံနာမည်မပြတ်စေရန်၁၆ သိမ်းပိုက်ရသည်။ ထိုမိန်းမမွေးသော ပထမဆုံး သားဦးသည် သေဆုံးသွားသော လင်သား၏ နာမည်ခံရသည်။ ထိုသို့ဖြင့် ဆွေမျိုးမိသားစုနာမည် တည်တံ့စေရသည်။

၂၄: ကြိတ်ဆုံသည် အိမ်ထောင်တစ်ခုတွင် မရှိမဖြစ်လိုအပ်ချက် အသက်သွေးကြောဖြစ်သည်။ သို့ကြောင့် ပေါင်းနှံခြင်း မပြုရ။ အပေါ်ကျောက်ဖြစ်စေ၊ အောက်ခံကျောက်ဖြစ်စေ တစ်ခုခုကိုလည်း ပေါင်နှံခြင်းမပြုရ။ အပေါ်တွင် အောက်ကျောက်ပြားပြည့်စုံမှ ကြိတ်ဆုံမည်သည်။

၂၄: ပြန်ပေးဆွဲခြင်း၊ မိမိလူမျိုးကိုကမန်အဖြစ်ရောင်းစားခြင်းပြုလုပ်သူသည် သေဒဏ်စီရင်ခြင်း ခံရမည်။

၂၄: ကုဋ္ဌနူနာရောဂါသည်များအား ကိုင်တွယ်နည်းနာ သီးသန့် ပြဌာန်းပြီးဖြစ်၍ ထိုပြဌာန်းချက်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ရမည်။ မိရအံအား မည်ကဲ့သို့ ကိုင်တွယ်ရမည်အကြောင်း လေဝိသားများသို့ ညွှန်ကြားခဲ့ပြီးဖြစ်သည်။

၂၄:၁၀၁၃ ခွင့်ပြုချက်မရှိဘ၊ သူတစ်ပါးအိမ်ယာသို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုရ။ မရှိဆင်းရဲသားက အဝတ်အစားလာရောက်ပေါင်နှံလျှင် အပေါင်ခံပစ္စည်းကို မိုးမချုပ်မီပြန်ပေးရမည်။ သို့မှသာလျှင် ညအချိန်တွင် အိပ်စရာစောင်ရှိမည်။

၂၄:၁၄၁၅ အလုပ်သမားငှါးရမ်းခ၊ နေ့စားခများကို နေ့တွင်းချင်းအကြေအလည်ပေးခြေရမည်။

၂၄:၁၆ လူတစ်ယောက်၏ သေဒဏ်အား အခြားမည်သည့်လူကမှ ကိုယ်စား အပြစ်ဒဏ်ခံစားခွင့် မရှိ။

၂၄:၁၇၂၂ သူစိမ်းဧည့်သည်များ၊ မိဘမဲ့များ၊ မုဆိုးမများ အပေါ်သို့ တရားတော်နှင့်အညီဆက်ဆံရမည်။ မိမိလယ်ကွက်သီးနှံကိုလည်း ပြောင်စင်အောင်မရိတ်သိမ်းရ။ ကောက်ကြွင်းကောက်ကျန်များသည် မရှိဆင်းရဲသားများနှင့် မိဘမဲ့များအတွက် ဖြစ်သည်။ သံလွင်သီး၊ စပျစ်သီး ချွေသိမ်းရာတွင်လည်း အကြွင်းအကျန်ချန်ထားပေးရသည်။ ထိုအကြောင်းကို Ronald Sider က ဤသို့ဆိုသည်။

အဲဂုတ္တုပြည်မှာ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှုနှင့် ဖိစီးနှိပ်စက်မှုများကို သတိရကိုယ်ချင်းစာနာသောအားဖြင့် မုဆိုးမများနှင့် မိဘမဲ့များကို စေတနာသဒ္ဓါရက်ရောစွာ ပေးလှူစွန့်ကြဲရသည်။၁၇

John Newton သည် အသစ်တဖန်မွေးဖွားခြင်း ခံရသောအခါ ဤပိုဒ်ငယ် ၂၂အားသတ္တုပြားပေါ်တွင် ရေးသား၍ ရောက်လေရာနေရာတွင် မြင်သာအောင် ချိတ်ဆွဲထားလေ့ရှိသည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 8 2 5
Users Today : 4
Users Yesterday : 9
Users This Year : 929
Views Today : 4
Views This Month : 503
Views This Year : 3447
"