တရားဟောရာကျမ်း - ၂၀
တရားဟောရာကျမ်း - ၂၀ အနက်ဖွင့်
(ဏ) ပညတ်တရားနှင့် စစ်ရေးစစ်ရာ (အခန်း ၂၀)
၂၀:၁–၈ အခန်း(၂၀)သည် ဘုရားသခင်၏ လူများ စစ်မှုထမ်းဆောင်ခြင်းနည်းဥပဒေဖြစ်သည်။ ယဇ်ပရောဟိတ်များသည် စစ်မက်ရေးရာတွင် လက်နက်စွဲကိုင် မပါဝင်ရသော်လည်း မိမိလူများကို စစ်သွေးစစ်မာန်တက်ကြွအောင် လှုံ့ဆော်သွေးထိုးရသည်။ အရွယ်ရောက်သူတိုင်း ဘုရားသခင်အတွက် စစ်ပွဲဆင်နွဲရမည်ဖြစ်သော်လည်း ခွင့်လွှတ်ထားသူများရှိသည်။ (၁)အိုးသစ်အိမ်သစ်လောလောလတ်လတ် တည်သူများ၊ (၂)စပျစ်ဥယျာဉ်သစ် စိုက်၍ အသီးမစားရသေးသူများ၊ (၃)လက်ထက်ထိမ်းမြားခါစ၊ (၄)တိုက်ပွဲမှာသေလျှင်ကျန်ရစ်သော မိန်းမအခြားယောက်ျားယူမည်ဟု တဏှာကြောင်သူများ၊
သို့ကြောင့် မိမိဘုရား၊ မိမိလူမျိုးအတွက် သစ္စာရှိသူများသာလျှင် တိုက်ပွဲဝင်ကြရသည်။ အာမလက်နှင့် ခါနန်သားများကဲ့သို့ ဝတ္တရားကျေတိုက်ပွဲဝင်ရသည်မဟုတ်။ စိတ်အားထက်သန်စွာ စစ်သွေးစစ်မာန်အပြည့်ဖြင့် စစ်ပွဲဝင်ရသည်။၁၂
၂၀:၉ အရည်အသွေးပြည့်ဝသော စစ်တပ်တိုင်း စည်းလုံးညီညွှတ်မှုရှိရသည်။ အဆင်သင့်ကြီးကြပ် ကွပ်ကဲမှုကိုနာခံရသည်။ စစ်တပ်ကို ကွပ်ကဲမှုအဆင့်ဆင့်ဖွဲ့စည်း၍ စစ်ခေါင်းဆောင် တပ်မှုးများအသီးသီး ခန့်အပ်ရသည်။
၂၀:၁၀–၂၀ ဣသရေလတို့သည် ယေဟောဝါဘုရားသခင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက် ရှိနေကြသောကြောင့် စစ်မက်ရေးရာတွင် အခြားလူမျိုးထက် ပိုမိုကျွမ်းကျင်ထက်မြက်ကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပေါ်လွင်ထင်ရှားသည်။ မလွဲသာ၍ စစ်ဖြစ်လျှင်လည်း ဆိုးညစ်မိုက်ကမ်းမှု၊ လူမဆန်မှုတို့ကို ဘုရားသခင်တားမြစ်သည်။ အားရှူးရီးယား၁၃ များကဲ့သို့ လူစိတ်ကင်းမဲ့စွာမရက်စက်ရ။ သို့ကြောင့် အောက်ပါ အချက်များ လေးစားလိုက်နာဖို့ ပြဌာန်းထားသည်။
၁။ အနီး၊အဝေးရှိမြို့ကြီးများ (၁၀-၁၈)။ မလှမ်းမကမ်းရှိမြို့ပြကြီးများသည် ဣသရေတို့အတွက် အချိန်မရွေး ကြုံတွေ့နိုင်သောအန္တရာယ်များဖြစ်သည်။ မြို့ပြကြီးများကို တိုက်ခိုက်မည်ဆိုလျှင် ပထမဦးစွာအညံ့ခံဖို့ သတိပေးရသည်။ အကယ်၍အလံဖြူမဆောင်း အညံ့မခံလျှင် ရှိသမျှယောက်ျားကို သုတ်သင်ရှင်းလင်းရသည်။ မိန်းမများနှင့် ကလေးသူငယ်များကို ဖမ်းဆီးခေါ်ဆောင်ရသည်။ ထိုသို့ဖြင့် ဣသရေလနယ်မြေထဲမှ အန္တရာယ်များကို ဦးစွာဖယ်ရှင်းရသည်။
၂။ စားကောင်းသောအပင်နှင့် မစားကောင်းသောအပင် (၁၉၊၂၀)။ မြေလှန်စနစ်မကျင့်သုံးရ။ စားကောင်းသောအပင်များကို ခုတ်လှဲခြင်း မပြုရသော်လည်း စားမရသောအသီးပင်များကို စစ်လက်နက်ပစ္စည်းအဖြစ် ထုတ်လုပ်ခွင့်ပြုသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
9
Users Today : 6
Users Yesterday : 6
Users This Year : 1033
Views Today : 13
Views This Month : 768
Views This Year : 3712"
Our Visitor





