တရားဟောရာကျမ်း - ၁၃
တရားဟောရာကျမ်း - ၁၃ အနက်ဖွင့်
(ဆ) မိစ္ဆာပရောဖက်နှင့်ရုပ်တုဝါဒီများအတွက် အပြစ်ဒဏ် (အခန်း ၁၃)
ပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖွင့်ခြင်းဖြင့်ဖြစ်စေ ဘုရားသခင်၏ လူများကို တစ်ဦးတလေသော်၎င်း၊ အဖွဲ့လိုက်သော်၎င်း၊ ရုပ်တုဆင်းတုဘုရားတုကိုးကွယ်ဖို့ ဖျားယောင်း စုံစမ်းသူသည် သေဒဏ်ကျခံရမည် (ငယ် ၁-၅)။ ဆွေမျိုးနီးစပ်ကသော်၎င်း (ငယ် ၆-၁၁)၊ အဖွဲ့အစည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသော်၎င်း (ငယ် ၁၂-၁၈)၊ သွေးဆောင်လျှင် ဓါးဖြင့်ခုတ်သတ်ပစ်ရမည်။ ပရောဖက်က အံ့ဘွယ်အမှုလက္ခဏာပြ၍ စည်းရုံးလျှင်လည်း လိုက်ပါမသွားရ။ ထိုပရောဖက်သည် မိစ္ဆာပရောဖက်ဖြစ်၍ သေဒဏ်အမှန်ခံရမည်။ ဆွေမျိုးရင်းချာဖြစ်လျှင်လည်း သေဒဏ်ပေးရမည်။
အပိုဒ်ငယ် ၁၃တွင် ရှင်းပြသော အဓမ္မလူသည် ပျက်စီးခြင်း၏သားများ (ဟေဗြဲ betîyyâal) ဖြစ်သည်။ ဘုရားသခင်ထံမှ ဝေးလံအောင် သူများကို ဖျားယောင်းသွေးဆောင်သူဖြစ်၍ သေဒဏ်အမှန်ရမည်။ ထိုသူ့နောက်သို့ လိုက်သူများသည်လည်း မြို့နှင့်တကွ မီးရှို့ဖျက်ဆီးခြင်းခံရမည်။
ခါနန်ပြည်သားများအကျင့်ရှိသော ဣသရေလမြို့ကြီးများသည်လည်း ထိုအပြစ်ဒဏ်အတိုင်း ခံစားရမည်။ ဘုရားသခင်သည် မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်းမရှိ။ ကျောသားရင်သား မခွဲခြားပါ။ ရွေးချယ်ထားသောလူမျိုး၌ အပြစ်ဒုစရိုက်တွေ့လျှင်မသက်ညှာ။ ဆန်ရင်းနာနာဖွတ်သည်။ ဣသရေလမြို့ပြကြီးများ ထိုသို့အရေးယူအပြစ်ပေးခြင်းသည် စည်းကမ်းစနစ်တကျရှိ၍ လိမ္မာရေးခြား ရှိစေဖို့ဖြစ်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716"
Our Visitor





