တရားသူကြီးမှတ်စာ - ၂
တရားသူကြီးမှတ်စာ - ၂ အနက်ဖွင့်
၂:၁–၅ ဘုရားသခင်၏ ကောင်းကင်တမန် (သခင်ယေရှု)က နာခံခြင်းမရှိသောသူများအား ဗောခိမ် (ငိုနေသူများဟုအနက်ရသည်) အရပ်တွင် ပြစ်တင်ရှုတ်ချသည်။ အပိုဒ် ၁တွင် ဂိလဂါလ (ကောင်းကြီး မင်္ဂလာအရပ်ဟု အနက်ရသည်)မှ ဗောခိမ် (ငိုကြွေးရာမြေ)သို့ ပေါ်ထွန်းလာသည်ဟုဆိုသည်။ ဣသရေလတို့သည် အောင်မြေမှ မျက်ရည်ပြည်သို့ ရောက်ရှိနေကြပြီ။ ဘုရားတုကိုးကွယ်သော ဒေသခံခါနန်ပြည်သားများ အပြောင်အစင် မမောင်းထုတ်ကြသောကြောင့် ဆိုးကျိုးကြုံနေရပြီ။ ထို့ကြောင့် ဘုရားရှင်က ကောင်းကြီးမင်္ဂလာအစား အမင်္ဂလာရောက်စေသည်။ မုန့်အစား ဒုတ်ပေးသည်။ ဗောခိမ်အရပ်ရှိလူများ ငိုကြွေးခြင်းမှာ ဝမ်းနည်းစရာမဟုတ်ဟု အပိုဒ်ငယ် ၁-၅တွင် ရှင်းပြသည်။
၂:၆–၁၀ အပိုဒ်ငယ် ၆-၁၀ သည်ယောရှု၏ ဘဝနောက်ဆုံးနေ့ရက်ကာလကို ပြန်လည်လွမ်းမောခြင်း ဖြစ်သည်။ တရား ၆တွင် ဘုရားသခင်က ဣသရေလလူတို့အား ပညတ်ချက်များ အများအပြားပေးထားသည်။ ထိုပညတ်ချက်များ လိုက်နာစောင့်ထိန်းရန် ပျက်ကွက်အားနည်းကြပုံကို အခန်းငယ် ၁၀တွင် ရှုတ်ချထားသည်။ သွားလေသူများသည် သားသမီးများအား ဘုရားသခင် ကြောက်ရွံ့ဖို့ သွန်သင်ခြင်း အားနည်းကြသည်။ ဖခင်၏နမော်နမဲ့နိုင်ခြင်းများသည် သားသမီးတို့အား ရုပ်တုကိုးကွယ်ရန် လမ်းပြခြင်းသာ ဖြစ်သည်။
(ခ) ရှေ့သို့မျှော်ကြည့်ခြင်း (၂:၁၁–၃:၆)
၂:၁၁–၁၉ အတိတ်ဘဝဟောင်းကို ထောက်ပြပြီးနောက် ရှေ့ဘဝခရီးကိုလည်း မျှော်မှန်းကြသည်။ ထိုခေတ်ကာလအဓိကလိုအပ်ချက် လက္ခဏာများကို ထောက်ပြသည်။
- ဒုစရိုက်မှု (ငယ် ၁၁-၁၃)
- သူ့ကျွန်ခိုင်းဖတ် (ငယ် ၁၄-၁၅)
- အသနားခံခြင်း (ဤကျမ်းချက်တွင် တိုက်ရိုက်မဖော်ပြသော်လ်ည်း ၃:၉၊ ၃:၁၅၊ ၄:၃ တို့တွင်ကြည့်)
- ကယ်တင်ခြင်း (ငယ် ၁၆-၁၈)
ထို့အပြင် အောက်ပါအပြုအမူများကိုလည်း တွေ့ရသည်။
- ပုန်ကန်ခြားနားခြင်း
- ဝဋ်လည်ခင်း
- နောင်တရခြင်း
- ခိုးနားခြင်း
တရားသူကြီးမှတ်စာ၏ သံခိပ်(ငယ် ၁၁-၁၉) ကို Jensen က ဤသို့အပြစ်(၂)မျိုးဖြစ်နိုင်ကြောင်း ထောက်ပြသည်။
(၁) လူ့စိတ်နှလုံး၏ ဆိုးညစ်မှု၊ ခေါင်းမာမှု၊ ပုန်ကန်ခြားနားမှုနှင့် မိုက်မဲမှုများတွေ့ရသည်။
(၂) အခြားတစ်ဘက်တွင် ဘုရားသခင်၏ စိတ်ရှည်သည်းခံမှု၊ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော် ဖူးမြင်ရသည်။ အခြားကျမ်းများတွင် ဤသို့သော ဆန့်ကျင်ဘက် လက္ခဏာများ ယှဉ်ပြခြင်း ရှားပါးသည်။ ဣသရေလတို့၏ မိုက်ကန်းခြင်းတစ်ဘက်တွင် ယေဟောဝါဘုရားသခင်၏ ကျေးဇူးတော် တွေ့မြင်ရသည်။၂
၂:၂၀–၂၃ ဣသရေလလူတို့သည် ဘုရားသခင်ကတိတော်ပြုထားသောပညတ်ချက်များကို လိုက်နာစောင့်ထိန်းခြင်း မရှိကြသောကြောင့် ဒေသခံခါနန်လူအကြွင်းအကျန်များအား ဣသရေလလူတို့ စုံစမ်း စစ်ဆေးဖို့ ဘုရားသခင်က ဆက်လက်တည်မြဲစေသည် (ငယ် ၂၀-၂၂)။ နာခံခြင်းမရှိကြသောကြောင့် ရုပ်တုဘုရားတု ကိုးကွယ်သူများအား မောင်းထုတ်ပေးခြင်းမရှိသည့်အပြင် ဣသရေလလူများကိုလည်း စမ်းသပ်ဖို့ ပြန်လည်အသုံးပြုသည် (ငယ် ၂၂၊၃:၄) သားမြေး စဉ်ဆက်မတည့်ခိုက်ရန် ဖြစ်ပွားစေသည်။ စစ်မီးမွှေးပေးသည်။ ယုံကြည်သူများသည်လည်း အပြစ်ဒုစရိုက်များအပြီးအပိုင် မရှင်းလင်းလျှင် တစ်လောကလုံးပြဿနာ ရှာစုံစမ်းစစ်ကြောခြင်း ခံရမည်။ “ထာဝရဘုရား၏ လမ်းတော်သို့ လိုက်မည်လော့၊ မလိုက်မည်လော” (ငယ် ၂၂)ဟုဆိုသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
2
7
Users Today : 2
Users Yesterday : 9
Users This Year : 1531
Views Today : 20
Views This Month : 191
Views This Year : 5216"
Our Visitor





