တရားသူကြီးမှတ်စာ - ၁၉
တရားသူကြီးမှတ်စာ - ၁၉ အနက်ဖွင့်
(ဂ) လေဝိအမျိုးနှင့်မယားမြှောင်များ (အခန်း၁၉)
၁၉:၁–၁၂ လေဝိအမျိုးသားများနှင့် မယားမြှောင်ထားရှိခြင်း စိတ်ညစ်ဖွယ်ရာ ဇာတ်လမ်းတွေ့ရပြန်သည်။ ထိုလေဝိသည် ယုဒပြည် ဗက်သလင်လူဖြစ်၍ ဧဖရိမ်တောင်ခြေတွင် နေသည်။ သူ့မိန်းမသည် ဖောက်ပြန်ပြီး လမ်းဘေးလေလွင့်နေသည်။ တစ်နေ့တွင် ထိုလေဝိသားသည် ယောက္ခမအိမ်သို့ ရောက်လာ၍ သူ့မယားအား လာခေါ်သည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လွန်သည်။ သူ့မယားငယ်အား ပြန်ခေါ်ရန် ကြိုးစားတိုင်း၊ ယောက္ခမက ချော့မော့ဆွဲထားကြသည်။ ပဉ္စမမြောက်နေ့တွင်မူ သူ့ကျွန်၊ စီးတော်မြင်းနှစ်ကောင်၊ မယားငယ်နှင့်အတူ မရမက ထွက်သွားသည်။ လေဗုမြို့မနီး ယေရုရှလင်သို့ ညနေစောင်းတွင် ရောက်ရှိကြသည်။ သို့သော် ထိုအရပ်ဒေသသည် ယေဗုသိသလူမျိုးများမြို့ဖြစ်သောကြောင့် မတည်းခိုရသည့်အကြောင်းကို George William က ဤသို့ဆိုသည်။
လေဝိအမျိုးသားအတွက် မဆက်ဆံမပတ်သက်အပ်သော အိမ်အမိုးအောက်တွင် ညဉ့်အိပ်တည်းခိုခြင်းထက် လမ်းမပေါ်တွင် သွားနေခြင်းက ပိုကောင်းသည်။ အတိတ်က အဖြစ်ဟောင်းထက် ရှေ့ကိုမျှော်မှန်းခြင်းက ပိုသင့်သည်။၁၅
၁၉:၁၃–၂၁ နေဝင်မိုးချုပ်ချိန်မှာ ဗင်္ယာမိန်နယ်စပ်ရှိဂိဗာမြို့သို့ ရောက်ရှိကြသည်။ တည်းခိုစရာမရှိသဖြင့် လမ်းမပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေကြသည်။ ကံကောင်းထောက်မစွာ လမ်းသွားလမ်းလာ ဧဖရိမ်အဘိုးအိုက ညဉ့်အိပ်ခေါ်ဖိတ်သဖြင့် ထိုနေ့ည ကျောခင်းဖို့နေရာရှိသွားကြသည်။
၁၉:၂၂–၂၄ ထိုအရပ်ဒေသရှိ ကာမသောင်းကျန်းဖောက်ပြန်နေသော ကာလသား တစ်သိုက်သည် ထိုအိမ်ကို လာဝိုင်းပြီး၊ လေဝိသားအား ထုတ်ပေးရန်တောင်းဆိုကြသည်။ ထိုအဖြစ်စနစ်ဆိုးမျိုး လောတလက်ထက်တွင် တစ်ကြိမ်ရှိဖူးသည် (က၁၉)။ ကံအကြောင်းမလှသဖြင့် လေဝိအမျိုးသား၏ မယားငယ်သည် ထိုနေ့ညဉ့်တွင် တစ်ညဉ့်လုံးဒုက္ခရောက်သည်။ ဘုရားသခင်သည် လိင်တူဆက်ဆံခြင်းကို မုန်းတီးရွံရှာသည်။ လူ့အတွေးအာရုံသည် နိမ့်ကျသထက်နိမ့်ကျသည်။ အိမ်ရှင်အဖိုးအိုသည် ထိုလေဝိသား ဘေးကင်းလုံခြုံဖို့ လေဝိသား၏ မယားငယ်နှင့် သူ့သမီးပျိုဖြင့် ကမ်းလှမ်းခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ Arthur Cundall က ဤသို့ဆိုခဲ့သည်။
ဤနေရာတွင် အဖိုးအို၏ စိတ်ရင်းစေတနာသည် ဧည့်ဝတ်ပျူငှါကျေပြွန်ခြင်းအဓိက ဖြစ်သည်။မိမိအိမ်တွင် တည်းခိုသူဧည့်သည်များ၏ လုံခြုံရေးသည် အရေးကြီးပါသည်။ အားနည်းသူနှင့် ခိုကိုးရာမဲ့များ လုံခြုံစေဖို့ ပဓါနကျပါသည်။ ထိုခေတ်ကာလတွင် မိန်းမသားများအပေါ် သဘောထားသည် ယနေ့ခေတ်ကာလ ယုံကြည်သူများခံယူချက်နှင့်လည်း မတူညီပါ။ မိန်းမများကလည်း သူတို့ဘဝကို ကျေနပ်နေကြသည်။ အဖိုးအိုသည် သူ့သမီး၏ အပျိုကညာတန်ဖိုးကို ထိန်းသိမ်းစေချင်သည်။ ထို့ကြောင့် ဧည့်ဝတ်တာဝန်ကို တပိုင်းလျှော့ပေါ့လျက် အတွေ့အကြုံရှိသော လေဝိ၏မယားငယ်အား ခွင့်ပြုခြင်းဖြစ်ပေမည်။၁၆
၁၉:၂၅–၃၀ နောက်ဆုံးတွင် သူရဲဘောကြောင်သော ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် လေဝိသားသည် သူ့မယားငယ်အား ထုတ်ပေးလိုက်သည်။ ထိုအမျိုးသမီးသည် တစ်ညဉ့်နက်လုံး ဆင်းရဲဒုက္ခရောက်ခဲ့ပြီး မိုးလင်းယံတွင် တံခါးလှေခါးရင်း၌ လာချထားကြသည်။ ဗင်္ယာမိန်သားများ၏ ရက်စက်မှုမပါလျှင်လည်း ထိုအမျိုးသမီးသည် လမ်းဘေးလေလွင့်သူ မဖြစ်ကြောင်း အပိုဒ်ငယ်(၂)အရ သိရသည်။ နောက်တစ်ခါ ပြည့်တန်ဆာမ၏ သေခြင်းဆိုးအဖြစ်မျိုးကြုံစရာမရှိ။ အပြစ်ဒုစရိုက်သည် ကိုယ့်အကြောင်းနှင့် ကိုယ်ဖြစ်သည်။ မိမိလုပ်သည့်အတိုင်း ပြန်ခံစားရသည်။ နေရပ်အိမ်ပြန်ရောက်သောအခါ ဣသရေလ လူမျိုး(၁၂)မျိုး အမှတ်လက္ခဏာယူ၍ (၁၂)ပိုင်း ခုတ်ပိုင်းခြင်းခံရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280"
Our Visitor





