တရားသူကြီးမှတ်စာ - ၁၀
တရားသူကြီးမှတ်စာ - ၁၀ အနက်ဖွင့်
(ဆ) တောလနှင့်ယာဣရ (၁၀:၁–၅)
၁၀:၁–၅ ဣသခါ အမျိုးမှ တောလသည် ဣသရေလ တရားသူကြီးအဖြစ်ဖြင့် နှစ်ပေါင်း(၂၃)ကြာ အုပ်စိုးသည်။ သူသည် ဧဖရိမ်တောင်ပေါ်တွင် နေထိုင်သည်။
နောက်တရားသူကြီးတစ်ပါးမှာ ဂိလဒ်အမျိုးမှ ယာဣရဖြစ်၍ ဣသရေလအမျိုးအား (၂၂)ကြာ ကြီးစိုးသည်။ သား(၃၀)ယောက်ထွန်းကား၍ မြို့(၃၀)မြို့အသီးသီး စားကြသည်။
(ဇ) ယေဖသ (၁၀:၆–၁၈)
၁။ ဣသရေလတို့ ကံဆိုးမိုးမှောင်ကျခြင်း (၁၀:၆–၈)
၁၀:၆–၉ ဣသရေလလူတို့၏ ဘုရားသခင်ပြစ်မှားကြပုံ၊ ရုပ်တုကိုးကွယ်ကြပုံတို့ကို စိတ်မကောင်းစရာ တွေ့မြင်ကြရပြန်သည်။ ဣသရေလတို့သည် ရုပ်တုကိုးကွယ်ကြသောကြောင့် ရုပ်တု၏ ကျေးကျွန်ဖြစ်ကြရပြန်သည်။ ဖိလိတ္တနှင့်အမ္မုန်အမျိုးများက ယော်ဒန်အရှေ့ဘက်ကမ်းရှိ ဣသရေလလူများအား တိုက်ခိုက်ကြသည်။ အမ္မုန်အမျိုးသည် ယော်ဒန်တစ်ဘက်ကမ်းရှိ ယုဒ၊ ဗင်္ယာမိန်နှင့် ဧဖရိမ်လူများကိုလည်း တိုက်ခိုက်နှိပ်ကွပ်သဖြင့် ဣသရေလတို့ ဘဝပျက်ရန်ပြန်သည်။
ဖိလိတ္တိနှင့် အမ္မုန်လူများထက် ဣသရေလလူတို့သည် ခွန်အားလျော့နည်းချို့တဲ့ကြသည်။ အဘယ်သို့ဆိုသော် ယေဟောဝါဘုရားကို ပစ်ပယ်ပြီး ရုပ်တုဘုရားတုများကို ကိုးကွယ်ကြသည် (ငယ်၆)။
၁၀:၁၀–၁၆ ဣသရေလတို့ ငိုကြွေးတောင်းပန်ကြသော်လည်း ဘုရားသခင်က ချက်ချင်းအဖြေမပေး။ အတိတ်ကာလတွင် ထိုကဲ့သို့ ငိုယိုကြပုံ ဘုရားသခင် ကယ်တင်ပုံ၊ နောက်မီးပြန်လင်းခဲ့ကြပုံ မရေတွက်နိုင်အောင် များလှပြီး။ ချုပ်ရိုးထပ်နေပြီ (ငယ် ၁၃)။ ရုပ်တုဘုရားတုများကို လွှင့်ပစ်၍ ဆုတောင်းသောအခါ ဘုရားသခင်နားညောင်းသည်။ အပိုဒ်ငယ် ၁၆တွင် ဘုရားသခင်၏ စိတ်ထား နူညံ့ပုံဖော်ပြထားသည်။ မွေးသဖခင်က သားသမီးများအား အပြစ်မမြင်ရက်သည့်ပုံစံဖြစ်သည်။ ဣသရေလတို့ ကံဆိုးမိုးမှောင်ဘဝက ဘုရားသခင်၏ ကရုဏာတော်ကို ဖိတ်ခေါ်ကြသည်။
၁၀:၁၇–၁၈ အမ္မုန်လူများသည် ဂိလဒ်ဒေသတွင် စုရုံးကြ၍ ဣသရေလလူတို့သည် မိဇပါဒေသတွင် စုဖွဲ့နေကြသည်။ ဂိလဒ်လူများသည်စစ်ခေါင်းဆောင်လုပ်မည့်သူ ရွေးချယ်နေကြသည် (ငယ် ၁၇-၁၈)
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
2
8
Users Today : 3
Users Yesterday : 9
Users This Year : 1532
Views Today : 22
Views This Month : 193
Views This Year : 5218"
Our Visitor





