ဆာလံကျမ်း - ၇၀
ဆာလံကျမ်း - ၇၀ အနက်ဖွင့်
ဆာ ၇၀ အမြန်ကယ်တော်မူပါ
ဆာ ၇၀ သည် ဆာ ၄သ:၁၃-၁၇ကိုပြန်ကြော့ခြင်းဖြစ်သည်။ ဒါဝိဒ်မင်း၏ဆာလံသီချင်းဖြစ် ၍အပိုင်း ၄ပိုင်းခွဲခြားလေ့လာနိုင်သည်။
အမြန်ကယ်တော်မူပါ (၇၀:၁)
ဆရာကြီး Morgan က “အရေးပေါ်စိုးရိမ်ရသောအခြေအနေဖြစ်သည်”ဟုဆိုသည်။ အပိုဒ်ငယ် ၁တွင်ဒါဝိဒ်သည် အသဲအသန်အော်သံကြားနေရသည်။ အမြန်ဆုံးကယ်တင်ရန် ဘုရားသခင်ထံဆုတောင်းသည်။
အရေးယူအပြစ်ပေး ပေးပါရန် (၇၀:၂–၃)
ရန်သူများကတဖက်စောင်းနင်း ဖိစီးနေကြပြီ။ သတ်ဖြတ်ဖို့ကြိုးစားနေကြသည်။ ဘေးရန်ပြု ကြသည်။ တရားရေလွှတ်ဒုက္ခအမျိုးမျိုးပေးကြသည်။ ထိုသို့ဘေးရန်ကြုံရသည်ကိုမြင်ကြရသော် လည်း ဖေးမကူညီခြင်းမပြုဘဲ ရှောင်ကြဉ်ကြသူများလည်းရှိသည်။ ထိုလူများအားလုံးကိုဘုရား သခင်က အရေးယူပေးပါ။ အပြစ်ပေးတော်မူပါ။ တရားသဖြင့်စီရင်ပေးပါ။ အရှက်တကွဲအကျိုးနည်း ဖြစ်ကြပါစေ။
အဆက်မပြတ်ချီးမွမ်းကိုးကွယ်ပါရစေ (၇၀:၄)
ဆာလံဆရာဆုတောင်းသည့်အတိုင်း ဘုရားသခင်ကအမြန်ကယ်တော်မူပြီးလျှင် ဆာလံဆရာ ကဘုရားရှင်အား ပီတိလှိုင်းလုံးကြီးများဖြင့် ချီးမွမ်းပါမည်။ ဘုရားသခင်ကို ရှာဖွေသူတိုင်း ကူညီမစ ခြင်းခံကြရပါမည် ။မဟာကယ်တင်ရှင်အဖြစ်ချီးမွမ်းထောမနာ ပြုကြပါသည်။
အမြန်ကူညီတော်မူပါ (၇၀:၅)
ဆင်းရဲဒုက္ခတွင်းမှ အမြန်ကယ်တင်ပါရန်ထပ်ခါထပ်ခါဆင့်ခေါ်သည်။ ဒါဝိဒ်သည်ယုံကြည်မှု ကျဆင်းခြင်းမရှိသော်လည်း သေချာခိုင်မာအောင်ထပ်ဆိုသည်။ ဘုရားသခင်၏ ကူညီမှုရွေးနှုတ်မှု မရဘဲမနေဟု ယုံကြည်စိတ်ချပြီးသားဖြစ်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
8
Users Today : 8
Users Yesterday : 8
Users This Year : 1552
Views Today : 23
Views This Month : 264
Views This Year : 5289"
Our Visitor





