ဆာလံကျမ်း - ၆၇
ဆာလံကျမ်း - ၆၇ အနက်ဖွင့်
ဆာ ၆၇ ဣသရေလတို့ သာသနာပြုရန်ဖိတ်ခေါ်သံ
ဘုရားသခင်က ဣသရေလလူမျိုးများရွေးချယ်သောအခါသာသနာပြုစေရန ရည်ရွယ်သည်။ တိုင်းနိုင်ငံများနှင့်ကမ္ဘာအရပ်ရပ်သို့သက်သေခံခိုင်းသည်။ ထိုသို့ပြုလုပ်ရန်အကြောင်းအချက်(၂)ခုရှိ သည်။
၁။ ဘာသာတရားအမျိုးမျိုးရှိသည့်အနက်ထာဝရဘုရားသခင်းတပါးတည်းသာရှိသည် (ထွ ၂၀:၂၁၊ တရား ၆:၄၊ ဟေရှာ ၄၃:၁၀-၁၂)
၂။ ယေဟောဝါဘုရားသခင်၏အုပ်စိုးမှုအောက်၌ သမ္မာသမတ်ကျစွာအသက်ရှင်နေထိုင်သူများ သည်ပျော်ရွှင်၍ချမ်းသာကြွယ်ဝကြသည် (ဝတ် ၂၆:၃-၁၂၊ တရား၃၃:၂၆-၂၉၊ ၅ရာ ၁၇:၂၀၊ ယေ ၃၃:၉)။
ထာဝရဘုရားသခင်က ဣသရေလလူမျိုးအားရွေးချယ်ရာတွင် ယာယီအသုံးပြုဖို့သာမဟုတ်၊
ကိုယ်တော်၏ကောင်းချီးမင်္ဂလာစီးဆင်းရာစမ်းရေထွက်အဖြစ်ရွေးချယ်ပါသည်။ဓမ္မဟောင်းကျမ်းထဲတွင်ဘုရားသခင်ကယုဒလူမျိုးနှင့်တပါးအမျိုးသားနှစ်ရပ်စလုံးကောင်းချီးပေးသကဲ့သို့ယုဒလူမျိုးသည်ဘုရားသခင်နှင့်လူသားများအကြားဆက်သွယ်ပေးသည့်ယဇ်ပုရောဟိတ် အမျိုးဖြစ်ကြောင်းတွေ့ရသည်။
သို့သော်ဣသရေလတို့သည်ကံအကြောင်းမလှသဖြင့် ထိုရည်ရွယ်ချက်အထမမြောက်ခဲ့။
ရုပ်တုဘုရားတုကိုးကွယ်ကြသည်။ သမ္မာတရားကို ငြင်းပယ်ခဲ့ကြသည်။
ဘုရားသခင်၏ရည်ရွယ်ချက်သည်ထိုမျှဖြင့်ဆုံးခန်းမတိုင်ပါ။ ဘေးဒဏ်ကြီးကာလရောက်
သောအခါဘုရားသခင်ကဣသရေလလူမျိုးကိုအထူးစေခိုင်းဦးမည်။ ကမ္ဘာအဝန်းသို့သတင်းကောင်း ဟောပြောခိုင်းမည်(မ ၂၄:၁၄)။ ဣသရေလများသည်ကမ္ဘာတိုင်းနိုင်ငံသားများထံသို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာစီးဆင်းရာစမ်းရေပေါက် (ဟေရှာ ၆၁:၆၊ ဇာ၈:၂၃) ဖြစ်လာမည်။
၆၇:၁–၂ ဤဆာလံကျမ်းသည် အချိန်အခါနှင့်ဆိုင်သည်။ ဘုရားသခင်ကယုံကြည်သူယုဒများ အားသီးသန့်စေခိုင်း၍ တပါးအမျိုးသားများထံသို့ ဧဝံဂေလိပြုကြမည် “မြေကြီးသားတို့သည်အမှု တော်ကိုသိ၍” ဟုဆိုသောစကားနှင့်ပတ်သက်၍ သခင်ယေရှု၏ “ငါသည်လမ်းခရီးဖြစ်၏” (ယော ၁၄:၆)ကိုသတိရပါ။ ထိုသခင်ယေရှုအားဖြင့်သာလျှင် တဦးချင်းသော်၎င်း၊တိုင်းသူပြည်သားများ သော်၎င်း ကယ်တင်ခြင်းရရှိနိုင်သည်။
၆၇:၃–၄ ထိုသို့ကမ္ဘာအရပ်ရပ်သို့သာသနာပြုစိတ်ပြင်းပြကြသည်နှင့်အညီ ဣသရေလများ သည်ဘုရားသခင်အားချီးမွမ်းကြမည်။ တပါးအမျိုးသားတိုင်းနိုင်ငံဖွားများသည်လည်း ခရစ်တော် အားချီးမွမ်းထောမနာပြုကြမည်။ ဣသရေလအမျိုးသားနှင့်တပါးအမျိုးသားများအား သိုးထိန်းကြီး က ကွဲပြားခြားနားခြင်းမရှိ ထိန်းသိမ်းစောင့်ရှောက်မည်။
၆၇:၅ ဣသရေလတို့၏ပြောစကားကြားသောလူသားတိုင်းသည် ဘုရားရှင်အားရှိခိုးကိုး ကွယ်ကြမည်။ ထိုအကြောင်းကို F.B. Meyer က “ခရစ်တော်၏သရဖူဆောင်းပေးခံယူလိုစိတ် ပေါက်ကြမည်”ဟုဆိုသည်။
၆၇:၆–၇ နောက်ဆုံးကျမ်းပိုဒ်ငယ်(၂)ခုသည်အနှစ်တထောင်တိုင်းပြည် မြင်ကွင်းဖြစ်သည်။ အနှံများရိတ်သိမ်းနေရပြီ။ စပါးကျီနှင့်ပုတ်များပြည့်နေပြီ။ ဆိုလိုသည်မှာဣသရေလတို့သာသနာပြု ခြင်းဖြင့် တကမ္ဘာလုံးသက်သေခံနေကြပြီ။ ထိုအကြောင်းကိုဟေဗြဲပညာရှင်ကြီး Fram Delitoch က “ဘုရားသခင်၏အစီအစဉ်အတိုင်း ဣသရေလလူများသည်ကမ္ဘာကျော်လူမျိုးဖြစ်လာမည်၄၇ ဟုဆိုသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
8
Users Today : 8
Users Yesterday : 8
Users This Year : 1552
Views Today : 23
Views This Month : 264
Views This Year : 5289"
Our Visitor





