ဆာလံကျမ်း - ၅၃
ဆာလံကျမ်း - ၅၃ အနက်ဖွင့်
ဆာ ၅၃ လူရူးသူမိုက်တို့၏ယုံကြည်ချက်
ဤကျမ်းနှင့်ဆာ ၁၄ တို့၏ အဓိကခြားနားချက်မှာ ဘုရားသခင်၏နာမတော် တမျိုးစီသုံး နှုန်းထားခြင်းဖြစ်သည်။ ဆာ ၁၄ တွင် Jehovah ဟုသုံးနှုန်း၍ဆာ၅၃တွင် Elohim၃၉ ဟုသုံးထား သည်။ ဆာ၁၄တွင် လူမိုက်များကဘုရားသခင် (ယေဟောဝါဘုရား) ကသူ့လူများအား ကွယ်ကာ စောင့်ရှောက်သည်ကို လက်မခံငြင်းဆန်ကြသည်။ ဤကျမ်းချက်တွင် သူ့လူမိုက်များကဘုရားသခင် ၏ဘုန်းတန်ခိုး၊ အမိန့်စာအားလောကကြီးစိုးမိုးပုံကို ငြင်းပယ်ကြသည်။
နှစ်ခုစလုံးက ဘုရားသခင်ကိုငြင်းပယ်ကြသည်။ အချို့ကဘုရားသခင်၏ဖန်ဆင်းခြင်းကို အပြည့်အဝလက်မခံကြ။ တစိပ်တပိုင်းသာလက်ခံကြသည်။ တချို့ကမူ လုံးဝလက်မခံကြ (Daily Notes of Scripture Union)။
၅၃:၁ လူမိုက်များသည် မိမိကိုယ်ကိုမိုက်မဲမှန်းမသိကြ။ လက်မခံကြ။ တက္ကသီလာမှ ဘွဲ့ဒီ ကရီတသီတတန်းကြီးရချင်ရမည်။ သို့သော်လည်း လူလူချင်းမှီတွယ်ရကြောင်း၊ ဘုရားသခင်၏ ကျွေးမွေးထောက်ပံ့မှုခံယူရကြောင်း လက်မခံငြင်းဆန်သည်။ မသိချင်ယောင်ဆောင်သည်။ ဟေဗြဲ ကျမ်းမူတွင်မူ သမ္မာသစ္စာတရားကိုငြင်းပယ်သည်ဟု ဆိုသည်။
ဘာသာတရာမဲ့ဝါဒီသည် ဆိုးယုတ်ခြင်းဖြစ်သကဲ့သို့ အောက်တန်းကျခြင်းလည်းဖြစ်သည်။ တခါတရံအကြောင်းတရားနှင့် သက်ဆိုင်၍ တခါတရံအကျိုးတရားနှင့် ပတ်သက်သည်။ သို့ကြောင့် “ဘုရားသခင် (Elohim) မရှိဟုခံယူသူများသည် လူ့လောကကိုဖျက်ဆီးကြသည်။ အတင်းအဓမ္မပြု ကြသည်။ ကောင်းသောအမှုအရာတစ်ခုမှ မပြုကြ။
၅၃:၂ တဖန်လူသားများကို ယေဘုယျခြုံကြည့်ကြရအောင်။ ဤကျမ်းချက်ကို ရှင်ပေါလုက ရော ၃ တွင်ထပ်မံကိုးကားလျက် လူသားအားလုံးသည်ပျက်စီးခြင်းလမ်းသို့ လိုက်ကြသည်ဟုဆို သည်။ ထိုကျမ်းစကားသည်မှန်ကန်သည်။ ဘုရားသခင်က ကောင်းကင်ဘုံမှလူသားများအားငုံ့ကြည့် သောအခါကိုယ်တော်ကို ရှာဖွေရကောင်းမှန်းနားမလည်။
၅၃:၃ အသက်ရှင်တော်မူသော ဘုရားသခင်၏လမ်းမှ တလွဲတချော်သွားကြကုန်ပြီ။ အား လုံးပျက်စီးခြင်းချောက် ကမ္ဘာသို့ချီတက်ကြသည်။ ဘုရားသခင်၏စိတ်တော်နှင့်ထိတွေ့သူတယောက် မှမရှိ။ သူတလူငါတမင်းထင်ရာစိုင်းကြသည်။
၅၃:၄.၅ ထိုလူမိုက်လူဗာလတို့၏ ရုပ်သွင်ကိုရှင်းပြထားသည်။ ဘုရားသခင်လူများကို အာလူးကြော်ဝါးစားသကဲ့သို့ကိုက်စား ကြသည်။ ထမင်းကျွေးသောလက်ကို ကိုက်စားဖဲ့စားချင်ကြ သည်။ အဘယ်သို့ပြုမူကြသနည်း။ ဆုတောင်းရကောင်းမှန်းလည်းမသိ။ ဆိုးသွမ်းဟော့ရမ်းကြ သည်။ စားဖို့သောက်ဖို့ထက် တခြားအကြောင်းအရာ မစဉ်းစားကြ။ ဘုရားသခင်၏ ဆုတောင်းခြင်း ကိုလည်းမနှစ်သက်ကြ။ သူတို့မျက်စိတွင် မမြင်ရသေးသောအရာကို မယုံကြည်။ ဘုရားသခင်၏တ ရားစီရင်ခြင်းကို ကြောက်ရကောင်းမှန်းမသိ။ ဘုရားသခင်၏လူများကို ကဲ့ရဲ့ကြသော ထိုသူများ၏ အရိုးကိုဘုရားသခင်က ရှုတ်ချမည်ကိုမသိကြ။ မျက်ကန်းတစ္ဆေမကြောက် ရခြင်းမျိုးတည်း။
၅၃:၆ သို့ကြောင့်နောက်ဆုံးတွင် ဒါဝိဒ်ကဘုရားသခင်ထံ စစ်ကူတောင်းဆုတောင်းရသည်။ ဇိအုန်တောင်ပေါ်သို့ မေရှိယသခင်ကြွလာသောအခါ ရွေးနှုတ်ပါစေသား(ရော၁၁:၂၆)။ ဣသရေလ ယုံကြည်သူများကို ကယ်ထုတ်ပါစေသားဟုဆိုသည်။ ထိုနေ့ရက်တွင် ဣသရေလလူများသည် ပြန် လည်စုစည်းကြမည်။ ယာကုပ်သည်လည်း ဝမ်းမြောက်ရွှင်လန်း၍ ဣသရေလလူများသည် ရွှင်လန်း ကြလိမ့်မည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
8
Users Today : 8
Users Yesterday : 8
Users This Year : 1552
Views Today : 23
Views This Month : 264
Views This Year : 5289"
Our Visitor





