ဆာလံကျမ်း - ၁၄၂
ဆာလံကျမ်း - ၁၄၂ အနက်ဖွင့်
ဆာ ၁၄၂ ဘယ်သူကမှ ဂရုမစိုက်
ရန်သူများက ထပ်ချပ်လိုက်လာကြပြီ။ မိတ်ဆွေများက စွန့်ခွာထွက်ပြေးကြပြီ။ ဒါဝိဒ်ကို အဘယ်မှာရှာ တွေ့နိုင်မည်လဲ။ ကောင်းကင်ကမြင့်၊ မြေကအပင်ပေါက်မရှိ။
၁၄၂:၁–၂ တယောက်တည်း အထီးကျန်သော်လည်း ဒါဝိဒ်သည် တိုးတိုးလေးဆုမတောင်း။ ကျယ်လောင်စွာ အော်ဟစ်ဆုတောင်းသည်။ ဆုတောင်းလျှောက်လဲသံသည် ကောင်းကင်ဘဝဂ်ဝယ် ပဲ့တင်ထပ် မျှ မြည်ဟိန်း၏ ဘုရားသခင်ရှေ့တွင် ခံစားချက်များ ရင်ဖွင့်သည် မကျေနပ်၍ စောဒကတက်ခြင်းမဟုတ်။ သူတပါးကို အ ပြစ်တင်ဖို့တိုင်ပြောခြင်းမဟုတ်။ မိမိ၏ဒုက္ခကို တင်ပြသည်။ မိမိကိုယ်ကို အားကိုးသမျှ ရေပေါ် အရုပ်ရေးသည့်နှယ် အရာမထင်၊ အချည်းနှီးဖြစ်ကြောင်း ဝန်ခံသည်။
၁၄၂:၃–၄ အဓိကအချက်မှာ ရန်သူများ၏ ပယောဂကြောင့် ဆင်းရဲဒုက္ခရောက်သည်။ သူသွားမည့် လမ်းခရီးတလျှောက်မှာ ခြေမချသာအောင် ထောင်ချောက်ကျော့ကွင်း ထောင်ထားကြသည်။ ဘေးဘယ်ညာ လှည့်ကြည့်သည်။ ကယ်မည့်သူရှိလေမလား။ ကြွက်တကောင် ကြောင်တမြီးမှ မတွေ့။ လူတိုင်းလူတိုင်းသည် ကိုယ်အရေးနှင့်ကိုယ်၊ ကိုယ့်အပူနှင့်ကိုယ်၊ ကိုယ်စီရှိကြသည်။ မည်သူကမှ ဆာလံဆရာကို ဂရုမစိုက်ကြ။ “အကျွန်ုပ်အသက်ကို နှမြောသူမရှိ“ဟု အော်ကြီးဟစ်ကျယ်အော်မိသည်။ လူ့လောက အဖွဲ့အစည်းသည် အတ္တ ကမ္ဘာပါလား။ လူကိုတန်ဘိုးမထားကြပါလား။ ယနေ့ခေတ်ကာလတွင် လူ့ဝိညာဉ်ကို တန်ဘိုးမထားသည့် အိပ်ပျော်နေသော အသင်းတော်များရှိနေကြပါသလား။
၁၄၂:၅–၇ လူကိုလူချင်းအားကိုးစရာ၊ ခိုလှုံးစရာမရှိလျှင် ဘာလုပ်ရမည်နည်း။ ဘုရားရှင်ကိုသာ အားကိုးလိုက်ပါ။ ကိုယ်တော်သည်အသက်ရှင်သောသူတို့၏ ခိုလှုံရာဖြစ်ပါသည်။ သို့ကြောင့် ဒါဝိဒ်က ဘုရားသခင်အား အမြန်ဆုံးလာရောက် ကယ်တင်ပါရန်ဆုတောင်းသည်။ အဘယ်သို့ဆိုတော် အသက်မျှင်ကြိုး ပြတ်တော့မည်။ ရန်သူများက တဘက်သတ်ခွန်အားကြီးမားပါသည်။ နှိုင်းဆ၍ မမှီအောင် တောင့်တင်းကြ သည်။ ယေဟောဝါဘုရားရှင်က ထိုဘေးရန်မှ ကယ်ထုတ်သောအခါ ကျေးဇူးတော်ကို အကြီးအကျယ်ချီးမွမ်း ပါမည်။
ယုံကြည်သူများကလည်း ဘေးပတ်လည်တွင် ဝိုင်းဝိုင်းလည်ကြမည်။ ကျေးဇူးတော်ချီးမွမ်းကြမည်။ မုဒိသာပွားကြမည်။ အဘယ်သို့ဆိုသော် ဘုရားရှင်၏ ကောင်းမြတ်ခြင်း မြည်းစမ်းကြရပြီ။ ထိုအကြောင်းကို Clarke က “ဘုရားရှင်သည် မိမိကိုယ်ကို ဘေးရန်မကွယ်ကာ နိုင်သူများ၏ အောင်ပွဲခံရာဖြစ်သည်” ဟုဆိုသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
3
8
Users Today : 6
Users Yesterday : 7
Users This Year : 1542
Views Today : 6
Views This Month : 221
Views This Year : 5246"
Our Visitor





