ဆာလံကျမ်း - ၁၃

ဒုက္ခထဲမှကူမတော်မူရန်ဆုတောင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။ 2အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက်၊ အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း။ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း။ 3အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင်တော်မူပါ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည်။ 4အကျွန်ုပ်၏ရန်သူက၊ ငါနိုင်ပြီဟုဆို၍၊ အကျွန်ုပ်ကိုနှောင့်ယှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါလိမ့်မည်။ 5အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။ 6အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။

ဆာလံကျမ်း - ၁၃ အနက်ဖွင့်

ဆာ ၁၃၊ အဘယ်မျှကာလပတ်လုံး

ဒါဝိဒ်နှုတ်ဖျားမှ လေးကြိမ်တိုင်တိုင် “အဘယ်မျှကာလပတ်လုံး” ဟု ညီးတွားသည်။ ရန်သူက (ရှောလုဖြစ်နိုင်သည်) နောက်မှ ထပ်ချပ်မကွာလိုက်လာစဉ်ဘုရားသခင်၏ စစ်ကူရထားလုံးပျံသည် နှေးကွေးလွန်းလှသည်ဟု ဒါဝိဒ်ထင်သည်။ ရန်သူက လေးကြိမ်လေးခါလိုက်လို့မမှီတမှီဖြစ်နေသည်။ သူ့ကို ဘေးရန်လွန်ခွင့်မပေးတော့ဘူးလားဟု ဆိုသည်။ဘုရားသခင်က သူ့ကိုမေ့ရော့လေသလားဘုရားသခင်က မနှစ်သက်တော့၍ ဖြတ်တောက်လေရော့သလားနေ့စဉ်နှင့်အမျှ နှလုံးကြွေပြုန်းမတတ်နာကျင်လှသည်အရှုံးသမားဘဝဖြင့် မျက်နှာညှိုးငယ်စွာ ခံစားနေရသည်။

၁၃း၁-၄ ဘုရားသခင်သည် ဒါဝိဒ်၏အော်ဟစ်သံကို နားထောင်၍ အမြန်ဆန်းစစ်ရာ ဘေးဒုက္ခနှစ်ခုတွေ့ရသည်။ ပထမအချက်မှာ ဒါဝိဒ်သေခြင်းဖြစ်၍ ဒုတိယအချက်မှာ ရန်သူများလက်ခမောင်းခတ်အောင်ပွဲခံခြင်းဖြစ်သည်။ အကယ်၍ ဘုရားရှင်ကဒါဝိဒ်၏မျက်စိကို မှိတ်စေလျှင် ထာဝရကာလပတ်လုံးသေလွန်သွားမည်။ အကယ်၍ ယေဟောဝါဘုရားရှင်က အခြေအနေပြောင်းပြန်လှန်လိုက်လျှင် ဒါဝိဒ်ကငကြွားများအား အပြတ်အသတ်အောင်ပွဲဆင်ပေမည်။

၁၃း၅-၆ အဖြေမှန်ထွက်လာပြီ။ ဆာလံဆရာက အရောက်လာတော့မည်ဟု မျှော်လင့်သည်။ ကရုဏာတော်ကို ကိုးစားသည့်အတိုင်း ရန်သူများလက်မှ လွတ်မြောက်၍အသက်ဆက်ရှင်ဦးမည် ဟုယုံကြည်သည်။ ထို ကယ်တင်ခြင်းကြောင့် ဘုရားသခင်၏ ဆုံးစမသပ်နိုင်သော ချစ်ခြင်းမေတ္တာကိုချီးမွမ်းထောမနာပြုပါတော့မည်။ဤဆာလံသီချင်းကဲ့သို့ပင် ယုံကြည်သူများ သည်ဘုရားရှင်တဲတော်မှ စုံစမ်းခြင်းအမျိုးမျိုးကြုံဆုံရတတ်ပါသည်။ ငိုခြင်းမှအစပြုရသော်လည်း တေးသီချင်းဖြင့် အဆုံးသတ်ရပါသည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 4 4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280
"