ဆာလံကျမ်း - ၁၂၈
ဆာလံကျမ်း - ၁၂၈ အနက်ဖွင့်
၁၂၈:၁ ပျော်ရွင်ခြင်းအစ၍ အစစ်အမှန်ပိုင်ဆိုင်သောယုံကြည်သူသည် ရှုထောင့်အဘက်ဘက်၌ ဘုရားရှင်ကိုသိကျွမ်းသည်။ စကားတော်ကိုနာခံ၍ လက်တွေ့ဘဝတွင် ကျင့်သုံးသည်။
ထိုကဲ့သို့သောသူသည် မောရှေကျမ်းကာလတွင် လောကဥစ္စာရတနာလက်ဆောင်ကြွယ်၀သည်။
၁၂၈:၂ သက်ဇိုးရှည်ခြင်း။ လူ့သက်တမ်းစေ့နေသည်။ သူလုပ်ကိုင်ရှာဖွေသမျှကို ကိုယ်တိုင်ပြန်လည်ခံ စားသည်။
ပျော်ရွှင်ခြင်း ဘုရားသခင်၏မျက်နှာသာပေးခြင်း ခံရသောကြောင့် ဆင်းရဲဒုက္ခလူမှုပြဿနာများမှ လွတ်ကင်းသည်။ စိတ်ချမ်းသာစွာ လှုပ်ရှားသွားလာလုပ်ကိုင်သည်။
စည်းစိမ်ဥစ္စာ။ သမ္မာအာဇီဝလုပ်ဆောင်သဖြင့် တည်မြဲသည်။ မမျှော်လင့်သော သဘာဝဘေးဒဏ် ရန်သူမျိုးငါးပါးဒဏ်တို့မှ ကင်းလွှတ်သည်။
၁၂၈:၃ အသီးအပွင့်။ မိန်းမကစပျစ်သီးခိုင်ကဲ့သို့ သားသမီးများပြွတ်သိပ်စွာမွေးပေးသည်။ ထမင်းစားစားပွဲ၌ပတ်လည်ဝိုင်းရံစည်ကားကြသည်။ သံလွင်ပင်ကဲ့သို့ အဖိုးတန် ရတနာလေးများ ဖြစ်ကြ သည်။ လုပ်ကိုင်သမျှ အကျိုးဖြစ်ထွန်းကြသည်။
၁၂၈:၄ ကျေးဇူးတော်ခေတ်ကာလတွင် ယုံကြည်သူများသည် ခရစ်တော်ဖြင့် ဝိညာဉ်ကောင်းချီး မင်္ဂလာ အဖြာဖြာခံစားကြသည်။ အရှင်လတ်လတ် ကောင်းကင်ဘုံရောက်ကြသည်။ (ဧ ၁:၃ ကိုကြည့်ပါ)။ သို့သော် ဆရာကြီး William က ဤသို့ဆိုသည်။ “ယုံကြည်ခြင်းရှိမှသာလျှင် ရုပ်ဝတ္ထုကောင်းချီးမင်္ဂလာ ခံစားရသည်။ ယခုကာလတွင် အမှန်တကယ်ခံစားရသည်”။ လူကမ္ဘာမြေပေါ်တွင် သက်ဇိုးရှည်ခြင်းထက် ခရစ်တော်ထံတွင် နေပျော်ပါသည်။ စိတ်ဝိညာဉ်လွတ်လပ်ခြင်းအရသာကို မည်သည့်ပျော်ရွှင်ခြင်းနှင့်မှ မနှိုင်း ယှဉ်အပ်ပါ။ စိတ်ဝိညာဉ် စည်းစိမ်ချမ်းသာခြင်းသည်သာလျှင် ချမ်းသာခြင်းအစစ်အမှန်။ စိတ်ဝိညာဉ် ချမ်းသာလျှင် မြင်မြင်သမျှအကုန်လှသည်။ ပတ်၀န်းကျင်တခုလုံး စိမ်းလန်းစိုပြေသည်။ စိတ်ချမ်းသာခြင်း သည် ကောင်းသောမြေသြဇာဖြစ်သည်။
၁၂၈:၅–၆ နောက်ဆုံးကျမ်းပိုဒ် (၂)ခုသည် ကတိစကားသို့မဟုတ် ဆုတောင်းခြင်းဖြစ်သည်။ ဘုရားသခင်စိုးစံတော်မူသော ဇိအုန်တောင်သို့ မဟုတ် ပလ္လင်တော်တည်ရာယေရုရှလင်မှ ယုံကြည်သူ ဘုရား သားသမီးများအား ကောင်းချီးမင်္ဂလာသွန်းလောင်းရန် ဆုတောင်းကြသည်။ လူ့လောကမှာ အသက်ရှင် နေသရွေ့ကာလပတ်လုံး ယေရုရှလင်စည်းစိမ် ခံစားချင်ကြသည်။ သားသမီးများကောင်းစားကြသည်ကို တွေ့မြင်ချင်ကြသည်။ ဣသရေလလူမျိုးတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဣသရေလဘုရင် ပြန်လည်ရောက်ရှိ၍ ဖြောင့်မတ်ခြင်းနိုင်ငံတော်ထူထောင်သောအခါ တိုင်းနိုင်ငံသား တိုင်းပျော်ရွှင်ကြပုံကို ဆာလံဆရာက တွေ့မြင်လိုသည်။ ထိုသို့တွေ့မြင်နိုင်ရန် ဆုတောင်းသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
9
Users Today : 9
Users Yesterday : 8
Users This Year : 1553
Views Today : 24
Views This Month : 265
Views This Year : 5290"
Our Visitor





