ဆာလံကျမ်း - ၁၂၃
ဆာလံကျမ်း - ၁၂၃ အနက်ဖွင့်
ဆာ ၁၂၃၊ ကရုဏာတော် ရှာဖွေသော မျက်လုံးများ
ဤစစ်ချီသီချင်းတွင် “မျက်လုံးများ”ဟူသော စကားလုံးနှင့် ‘ကရုဏာ’ဟူသော ဝေါဟာရတို့သည် အဓိကသော့ချက်ဖြစ်ကြသည်။ “မျက်လုံးများ” ဟူသောစကားကို (၄)ကြိမ်သုံးနှုန်း၍ ‘ကရုဏာ’ဟူသော ဝေါဟာရကို (၃)ကြိမ် သုံးထားသည်။ ရိုက်ကွင်းနောက်ခံသည် ကျွန်ခံရာမြေ၊ ဣသရေလလူများကို နှိပ်ကွပ်ရာ ဒေသဖြစ်သည်။ ဣသရေလများကို အဲဂုတ္တုပြည်၊ ဗာဗုလုန်၊ နာဇီပါတီလက်ထက်တွင် ဂျာမဏီပြည်၊ ဗာဗုလုန်၊ နာဇီပါတီလက်ထက်တွင် ဝါဆော၊အထူးသဖြင့် ဆိုက်ဘေးရီးယား ကျွန်စခန်းများတွင် ဒုက္ခရောက်ခဲ့ကြသည်။
အခြားတိုင်းနိုင်ငံများထက် ဤနေရာတွင်ဗာဗုလုန် ကျွန်ဘဝကို အဓိကထားပြောချင်ပါသည်။
၁၂၃:၁။ မျှော်လင့်သော မျက်လုံးစုံများဖြင့် ကောင်းကင်ဘုံယံသို့ မော့ကြည့်ကြပါသည်။ ဘုရားသခင်၏ကရုဏာတော်ကို ပြာလဲ့လဲ့လှမ်းမြင်ရသည်။ အမှောင်ညဉ့်တွေရှည်လွန်း၍ ညှဉ်းပန်းနှိပ်စက် ခံရသည်မှာ ကြာပြီမို့ ဘုရားသခင်ထံတော်မှ ကရုဏာတော် လာနိုးငယ်မျှော်ရပါသည်။
၁၂၃:၂။ ဣသရေလလူများသည် သခင့်လက်ကိုကြည့်နေသောကျွန်၊ သခင်မလှုပ်ရှားမူကို လိုက်ကြည့်နေသော အစေခံမနှင့်တူသည်။ ဆိုလိုသည်မှာ သခင့်စကားကိုအပြည့်အဝနာခံသည်။ တာဝန် ကျေမည့်အကြောင်း အဆင်သင့်ပြင်ဆင်သည့်ပုံစံဖြစ်သည်။ သို့သော် အဓိကရည်ရွယ်ချက်သည် ထို သို့ မဟုတ်ပါ။ ယုဒလူများအပေါ်သို့ ရောက်လာမည့်ယေဟောဝါဘုရား၏ ကရုဏာတော် မျှော်လင့်စောင့်စား ကြပုံ ထုတ်ဖော်ပြသသည်။ ဘုရားသခင်၏ ကရုဏာတော်ခံစားရသည်နှင့်တပြိုင်နက် စောင့်မျှော်ငံ့လင့်နေကြ သော မိမိတို့ဘူမိနက်သန်မြေသို့ တချိုးတည်းပြည်တော်ပြန်မည့်အရေးသာ မျှော်တော်ယောင်ကြသည်။ ဖိစီးနှိပ်ကွပ်သူများထဲမှ ရွေးထုတ်မည့်သခင့်လက်ကိုသာ လိုက်ကြည့်နေကြသည်။
၁၂၃:၃–၄။ ဆင်းရဲဒုက္ခများလှသဖြင့် လူများသည် ပလ္လင်တော်ဘက်သို့လှည့်၍ ကရုဏာတော်သက် ရောက်ပါရန် အပူတပြင်း (၂)ကြိမ်တောင်းဆိုကြပြန်သည်။ တနေ့ပြီးတနေ့ တပါးအမျိုးသားတို့၏ နှိပ်ကွပ်မှု ဒဏ် ဖိစီးလာသည်။ ကျိန်ဆဲခြင်းထမင်းစား၍ မုန်းတီးခြင်း၊ ဟင်းချိုသောက်ရပါသည်။ အခြားသူများ မြူးတူးပျော်ပါးသည့်အချိန်တွင် ဆင်းရဲဒုက္ခရောက်နေသောကြောင့် ပိုမိုခံရခက်သည် (ဇာ ၁:၁၅)။ ဗာဗုလုန်သားများ၏ မောက်မာရိုင်းစိုင်းမှုကို ခါးစည်းခံနေရသည် (ယေ ၅၀:၃၁-၃၂)။ ဒီဘ၀ဒီမျှဘဲကျေနပ် ပါရစေ။တော်ပါပြီ။ ဝဋ်ကျွတ်ချိန်တန်ပါပြီ။
သို့ဖြင့် ဆင်းရဲဒုက္ခရောက်လျှင် သတိရအော်ခေါ်ရစမြဲဖြစ်သော ဘုရားရှင်ထံသို့ အသဲအသန် ဆုတောင်းရပြန်သည်။ မတော်တရားသူများ၊ မြို့လယ်လမ်းတွင် ဘုရားမဲ့တရားမဲ့ ဟော့ရမ်းဆိုး သွမ်းသူများ ကင်းဝေးရာမိတ်ဆွေကောင်းထံတွင် ခိုလှုံချင်ကြသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
3
1
Users Today : 6
Users Yesterday : 9
Users This Year : 1535
Views Today : 26
Views This Month : 197
Views This Year : 5222"
Our Visitor





