ဆာလံကျမ်း - ၁၁

ထာဝရဘုရားကိုကိုးစားခြင်း
1-3မတရားသောသူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှာ လေးကိုတင်၍၊ လေးညှို့ပေါ်မှာ မြားကိုပြင်ကြ၏။ အမှီတံကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ်နေရာတောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏။ 4ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကိုစစ်တော်မူ၏။ 5ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။ 6မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကိုသက်ရောက်စေ၍၊ သူတို့သောက်စရာဖို့ စီရင်တော်မူမည်။ 7တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကိုနှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။

ဆာလံကျမ်း - ၁၁ အနက်ဖွင့်

ဆာ ၁၁ ယုံကြည်ခြင်း သစ္စာရှိလျှက် ဘာကြောင့်ထွက်ပြေးသနည်း

ဆာ ၁၁ သည် စိတ်ဓာတ်ကျရောဂါဖြေဆေးဖြစ်သည်။ ကြားသမျှသတင်းကသတင်းဆိုး။ စစ်သတင်း၊ရာဇဝတ်မှု၊ ကြမ်းဖက်မှု၊ ပျက်စီးခြင်းနှင့် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်သည်။ ထိုသို့သော အမင်္ဂလာသတင်းများကြားထဲမှ ဘုရားရှင်ကိုသာ ရှေးရှုကြရန် ဒါဝိဒ်ကသတိပေးပါသည်။ဒါဝိဒ်သည် အိမ်ရှေ့တခါးဖွင့်သောအခါ သွေးရူးသွေးတန်းဧည့်သည်တွေ့ပါလိမ့်မည်။ မျက်နှာက ဖြူဖတ်ဖြူသော်၊ မျက်စိက တဏှာမငြိမ်၊ နှုတ်ခမ်းက တုန်တုန်ယင်ယင်ဖြစ်နေသည်။ အသက်ပင်မှန်မှန်မရှုနိုင်။ထိုအဆိုးမြင်ဝါဒီအား ဒါဝိဒ်ကအကောင်းမြင် ဝါဒဖြင့်အဖြေပေးအားပေးထားသည်။

၁၁း၁-၃ ဦးစွာဒါဝိဒ်က ဘု ရားသခင်ကိုယုံကြည်ကိုးစားလော့ဟု ရိုးရိုးလေးဆိုသည်။ ယုံကြည်နိုင်လျှင် အဘယ်ကြောင့် ထွက်ပြေးရသနည်း။ထို့နောက်ငြိမ်သက်ခြင်းရရှိနိုင်ဖို့ရာ အကြောင်းအရာပေါင်းစုံကိုထောက်ပြသည်။ အပိုဒ်ငယ်၁နောက်ပိုင်းမှအပိုဒ်ငယ် ၃ ထိသည် စိတ်ဓါတ်ကျဖွယ်ရာစကားများဖြစ်သည်။ သင်သည်ငှက်ကဲ့သို့ ကိုယ့်နေရာတောင်ပေါ်သို့ ပြေးချေဟု ဆိုသည်။ အကွယ်အကာမဲ့ငှက်ငယ်က စကားဆိုလာသောအခါ ထိုစကားမျိုးပြန်ပြောရက်မည်လား။ အကောင်းဆုံးနည်းလမ်းမှာ လွတ်ရာဝေးရာသို့ ပြေးရတော့မည်။ ရာဇဝတ်သားများကလက်ရွယ်နေပြီ၊ လက်နက်ကရိယာများက အဆင်သင့်။ပစ်ခတ်ဖို့ သေနတ်ကတရွယ်ရွယ်။ ဥပဒေဘက်တော်သားပြည်သူပြည်သားများကို စော်ကားကြလေပြီ။တရားဥပဒေများက အသက်မဝင်။ လူ့ယဉ်ကျေးမှုအခြေခံ အဆောက်အဦးက ပြိုလဲနေပြီ။ ထိုကဲ့သို့သောခေတ်ပျက်၊ ကာလပျက်ပြီးမှာ သင်သည်ဖြောင့်မတ်သူတဦးဖြစ်လျှင် ဘာလုပ်ဆောင်မည်နည်း။

၁၁း၄-၆ မျှော်လင့်ချက်ပြည့်ပါဘိ။ ဘုရားရှင်တော် အားကိုးပါဘိ။ ဘုရားရှင် တော် သည်မြင့်မြတ်သော အာနုတော်တွင် စိုးစံနေပါသည်။ဘု ရားရှင်၏ အကြံအစည်တော်ကို မည်သူကမှမဟန့်တားနိုင်ပါ။ ပလ္လင်တော်သည် ကောင်းကင်ဘုံတွင်တည်၍ မလှုပ်၊ မရွေ့လျှားနိုင်။ လောကတိုင်းနိုင်ငံရာထူးရာခံပြောင်းလဲပျောက်ကွယ်နိုင်သော်လည်းဘုရားရှင်တော်၏ ပလ္လင်တော်သည်တည်မြဲသည်။ဘုရားရှင်တော်၏ ရာဇက္ကဒြေနှင့် သိက္ခာတော်ကိုမည်သူမှမထိပါးနိုင်။ လူ့အရေးအရာများကိုဆောင်ရွက်ကိုင်တွယ်နေသော်လည်း မည်သူကမှမနှောင့်ယှက်နိုင်ကြ။ ဖြောင့်မတ်သူနှင့် မတရားသူများ၏ အမှုအရာကို တရားနည်းလမ်းတကျ စီရင်တော်မူသည်။ ဘုရားရှင်သည် ချစ်ခြင်းမေတ္တာမှန်ပါသော်လည်း ဝိညာဉ်တော်က မတော်မတရားမှုကို မုန်းတီးသည်။ မတရားသောသူများအပေါ်သို့အပြစ်စီရင်ခြင်း မုန်တိုင်းကျရောက်စေသည်။ မီးခဲရဲရဲ၊ ကန့်မီးလျှံနှင့် လေပြင်းမုန်တိုင်းဖြင့် တရားစီရင်မည်။

၁၁း၇ ဘုရားရှင်သည် မတော်မတရားသူများကို မုန်းတီးသကဲ့သို့ အခြားတဘက်တွင် ဖြောင့်မတ်သူများကို ချစ်ခင်မြတ်နိုးသည်။ ဘုရားရှင်ကိုယ်တော်တိုင်သည် ဖြောင့်မတ်ခြင်းဖြစ်တော်မူသကဲ့သို့ဖြောင့်မတ်ခြင်းကို နှစ်သက်သည်။ ဖြောင့်မတ်သူများကို အထံတော်တွင် ဆုလဒ်တော်များချီးမြင့်ဦးမည်။ကျမ်းချက် ခေါင်းစဉ်ကို လည်းမမေ့ကြပါနဲ့။စုံစမ်းနှောင့်ယှက်ခြင်းလှိုင်းဂယက်များ မည်မျှပြင်းထန်နေလျှင်လည်း ဘုရားရှင်ကို ယုံကြည်ခြင်းရှိသူများမုန်တိုင်းအလွန် မိုးသွန်မည်ဟု သိမှတ်ကြပါစို့။နေရာတိုင်းမှာ ကိုယ်တော်ရှိ၍ တန်ခိုးတော်တည်လျှက်ပြုတော်မူရာတိုင်း၌ ကောင်းချီးအဖြာဖြာရောင်စဉ်၏လူက မသိနားမလည်လည်း သက်သေတည်း။ကိုယ်တော်သည် ထာဝရပလ္လင်တော်ပေါ် စိုးစံလျှက်အရာခပ်သိမ်းကို အုပ်စိုးတော်မူ၏။

ရှေးစာဆိုတဦး

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 4 7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288
"