ကမ္ဘာဦးကျမ်း-၅
ကမ္ဘာဦးကျမ်း-၅ အနက်ဖွင့်
(ဃ) ရှေသ၏သားစဉ်မြေးဆက် (အခန်း ၅)
အခန်းကြီး(၅)ကို “မရဏာခေါင်းလောင်းသံ”ဟုလည်းခေါ်သည်။ အာဒံမှစ၍ နောဧ၏ သား ရှေမ မျိုးရိုးစဉ်ဆက် တိုင်အောင် သွေးမြေကျသေလွန်ကြခြင်းအကြောင်း ရေးထားသည်။ (လု ၃:၃၆-၃၈ နှင့် ယှဉ်ဖတ်ပါ)။
၅:၁–၁၇ အာဒံကို ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည်။ ရှေသသည်လည်း အာဒံနှင့် တထေရာတည်း ဖအေတူပုံရိပ်ဖြင့် မွေးဖွားလာသည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် နှင့် အညီ ဖန်ဆင်းထားသော လူသားနှင့် ဘုရားသခင်အကြားတွင် အပြစ်တရားဝင်ရောက်လာသောအခါ ကြားဟာ သွားသည်။ အပိုဒ်ငယ် (၅)သည် ၂:၁၇တွင် ပါရှိသည့် နှုတ်ကပတ်တော်အား အာဒံထံသို့ သက်ရောက်သည်။
၅:၁၈–၂၄ ဤကျမ်းချက်တွင် ပါရှိသော ဧနောက်နှင့် လာမက်သည် အခန်း ၄ တွင် ရေးထားသည့် ဧနောက်နှင့်မတူညီပါ။ အခန်းငယ် ၁၈တွင် ပါရှိသည့်ဧနောက်သည် အာဒံမှ သတ္တမမြောက်မျိုးရိုးစဉ်ဆက် ဖြစ်သည်။ အာဒံ၏ တတိယမြောက်သားမြေးစဉ်ဆက် (ယု ၁၄)မဟုတ်ပါ။ ဧနောက်သည် နှစ်ပေါင်း (၃၀၀)လုံးလုံး ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသူဖြစ်၍ စိတ်တော်နှင့် ထိတွေ့သူဖြစ်သည် (ဟေဗြဲ ၁၁:၅)။ ထိုသို့ဖခင်က စင်ကြယ်သူ စိတ်တော်နှင့် ထိတွေ့သူဖြစ်သောအကြောင့် သားရတနာ မွေးဖွားသောအခါ တွင်လည်း ဖခင်၏ အရိပ်အငွေ့ အာဝါသလွှမ်းမိုးအမွေခံရသည် (ငယ် ၂၂)။ အစကောင်းလျှင် အနှောင်း သေချာသည့် နိယာမတရားဖြစ်သည်။ လျှောက်လှမ်းသည် ဆိုသည်မှာ အလိုတော်နှင့်အညီ သေက်ရှင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်းဆိုခြင်းကြောင့် နာရီစက္ကန့်ပိုင်း မခြားမလပ် ဘုရား တရားဆင်ခြင်သည်ဟု နားလည်ရသည်။ အသင်းတော်သည် ဘေးဒဏ်ကြီးကာလ မခံရမီချီဆောင်ခြင်း ခံရမည် (၁သက် ၄:၁၃-၁၈၊ ဗျာ ၃:၁၀)ဖြစ်သကဲ့သို့ ဧနောက် သည်လည်း ရေလွှမ်းမိုးခြင်းဘေးဒဏ်ကြီး မကြုံမီ အရှင်လတ်လတ်ဖြင့် ကောင်းကင်နိုင်ငံသို့ ချီမခြင်း ခံရသည်။
၅:၂၅–၃၂ မသုရှလ သည် ထိုခေတ်ကာလတွင် အခြားသူများထက် သက်တမ်းရှည်သော ဖိုးသက်ရှည်ဖြစ်သည်။ အသက်(၉၆၉)နှစ်ရှည်သည်။ မသုရှလဟူသော နာမည်၏ အဓိပ္ပါယ်မှာ ‘စေလွှတ်သောသူ’ ဖြစ်သည်ဟု William က ဆိုသည်။ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးမရောက်မီ လေးတွင် ကွယ်လွန်သွားသည်။ လာမက် အသက်(၁၈၀)အရွယ်တွင် ရရှိသောသားကို နောဧ ဟုနာမည်ပေးသည်။ အနက်အဓိပ္ပါယ်မှာ ငြိမ်သက်ခြင်းပေးသူ၊ ကယ်တင်သူဟု အနက်ရသည်။ ခရစ်တော်ဘုရားက လောကသားများအား ကယ်တင်၍ ငြိမ်သက်ခြင်းပေးသကဲ့သို့ နောဧသည်လည်း သူ့လူများကို ဘေးဒဏ်ကြီးမှ ကယ်တင်ခဲ့သည်။ ထိုခေတ်ကာလတွင် လူ့သက်တမ်းသည် ရာနှင့်ချီသော်လည်း တဖြည်းဖြည်းစံချိန်နိမ့်ကျလာရာ နောက်ပိုင်းတွင် (၇၀)နှစ်သည် လူ့ပုံမှန်သက်တမ်း (ဆာ ၉၀:၁၀) ဖြစ်လာသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





