ကမ္ဘာဦးကျမ်း-၄၀
ကမ္ဘာဦးကျမ်း - ၄၀ အနက်ဖွင့်
၄။ ဖလားတော်ဝန်နှင့်စားတော်ဝန်တို့၏ အိပ်မက်အနက်ဖွင့်ဆိုပေးခြင်း (အခန်း ၄၀)
၄၀:၁–၁၉ အကျဉ်းထောင်ထဲတွင် ယောသပ်သည် အဲဂုတ္တုဘုရင်၏ ဖလားတော်ဝန်၊ စားတော်ဝန်တို့နှင့် အသိမိတ်ဆွေ ဖြစ်သွားကြသည် (ငယ် ၁-၄)။ ထိုဝန်မင်းများ၏ အိပ်မက်အသီးသီးကို ယောသပ်က အနက်ပြန်ပေးသည် (ငယ် ၅-၈)။ ဖလားတော်ဝန်၏ အိပ်မက်ကို အနက်ကောက်၍ ရာထူးတိုးမည်ဟု ဆိုရာ (၃)ရက်ကြာသောအခါ ထောင်နှ ထုတ်ယူခြင်းခံရသည့်အပြင် အမှန်တကယ် ရာထူးတိုးသွားသည် (ငယ် ၉-၁၅) စားတော်ဝန်၏ အိပ်မက် ဖြူသောတောင်းသုံးလုံး ထမ်းရွက်သည်ကိုမူ သုံးရက်အတွင်းတွင် ဖာရောမင်းက ခေါင်းဖြတ်မည်ဟု အနက်ဖွင့်ပေးရာ ဖွင့်ပေးသည့်အတိုင်း ခေါင်းဖြတ်ခံရသည် (ငယ် ၁၆-၁၉)။
ယောသပ်သည် သူထောင်မှ ထွက်ဖို့အရေး မကြိုးပမ်းသည်ကို သတိပြုပါ။ ဘုရားသခင်၏ဂုဏ်တော် နာမတော်ကို အစဉ်ချီးမွမ်းလျက် အဆိုးဝါးဆုံးသောကာလတွင်ပင်လျှင် သူတစ်ပါးအကျိုး သယ်ပိုးသည်။
၄၀:၂၀–၂၃ ဖလားတော်ဝန်သည် ထောင်ထဲမှ လွတ်ငြိမ်းချမ်းသာရရှိသော်လည်း ယောသပ်အတွက် ဘာမှ မဆောင်ရွက်ပေး။ ကတိမတည်၊ ကျေးဇူးတရား နားမလည် (ငယ် ၂၃)။ ဖလားတော်ဝန်က မေ့ဟန်ဆောင်သော်လည်း ဘုရားသခင်က ယောသပ်ကိုမမေ့။ “သင်သည် ချမ်းသာသောအခါ အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုလော့” (ငယ် ၁၄)ဟု ဘုရားရှင် ဆိုထားသည်။ ကယ်တင်ရှင် ယေရှုရှင်သည်လည်း သစ္စာဖောက်ခံရသည့် ညဉ့်တွင် ထိုစကားမျိုးမိန့်မှာထားခဲ့သည်။ ဖုန့်ဖဲ့၍ စပျစ်ရည်ကို သုံးဆောင်ခြင်းဖြင့် ကိုယ်တော်အား အောက်မေ့သတိရကြဖို့ မှာတမ်းစကားဆိုခဲ့သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





