ကမ္ဘာဦးကျမ်း-၃၅
ကမ္ဘာဦးကျမ်း-၃၅ အနက်ဖွင့်
၈။ ဗေသေလသို့ပြန်လာခြင်း (အခန်း ၃၅)
၃၅:၁–၈ လွန်ခဲ့သော အနှစ်(၃၀)က ယာကုပ်သို့ ပြုခဲ့သည့်ကတိတော် (၂၈:၂၀-၂၂) ပြည့်စုံမည့်အကြောင်းဖြင့် အခန်းကြီး(၃၅)ကို ကုလားကာဖွင့်လှစ်သည်။ ယခင် အခန်းကြီး(၃၄)သည် ဣသရေလအများဖခင်ကြီး ယာကုပ်အား အခြားတစ်နေရာသို့ ပြောင်းရွှေ့စေမည့်အကြောင်း ဘုရားသခင်၏ အကြံတော်ဖြစ်နိုင်သည်။ အခန်းကြီး(၃၄)တွင် နာမတော်တစ်ခါမှ မပါရှိသော်လည်း ဤအခန်းတွင် ဘုရားသခင်၏ စေခိုင်းသည့်အတိုင်း ယာကုပ် မိသားစု ဗေသေလသို့ ချီတက်ဖို့ ပြင်ဆင်ကြသည်။ ယာကုပ်သည် သူ့မိသားစုအား ဦးစွာ ဘုရားတရားမသိသူများ၏ ဥစ္စာပစ္စည်းတစ်စုံတရားနှင့် ပတ်သက်ခြင်း မရှိရန် မိန့်ကြားသည် ရုပ်တုဆင်းတုများမှစ၍ လက်ဝတ်လက်စားများပါမကျန် ထားပစ်ခိုင်းသည်။ ရေမိုးချိုး သန့်စင်စေပြီး အဝတ်အစားသစ် ဝတ်ဆင်ပြီးမှ ချီတက်ကြသည်။ ယာကုပ်မိသားစုကို တွေ့မြင်သော အိမ်နီးနားခြင်းများသည် စိုးရိမ်ကြောက်စိတ်ဝင်ကြ၍ ယာကုပ်တို့နောက်သို့ မလိုက်ရဲကြ။ ဗေသေလသို့ ရောက်သောအခါ ယာကုပ်သည် တဖန်ယဇ်ပလ္လင်တည်၍ ဗေသေလဟု နာမည်ထပ်ပေးသည်။ အကြောင်းမှာ အစ်ကို ဧသောနှင့် ပြန်လည်စေ့စပ်ငြိမ်းချမ်းရေးကို ရည်စူး၍ ဘုရားသခင်နာမတော် ချီးမွမ်းခြင်းဖြစ်သည်။
၃၅:၉–၁၅ ဘုရားသခင်က ယာကုပ်အား ယာကုပ်ဟု မခေါ်တော့ပါ။ ဣသရေလဟု ခေါ်ရမည်ဟု ထပ်မံအတည်ပြုပြန်သည်။ အာဗြဟံနှင့် ဣဇာက်သို့ ပေးထားသော ကတိတော်များသည် တည်ဆဲတည်မြဲနေကြောင်း ထပ်ဆိုသည်။ ယာကုပ်သည် ဘုရားသခင်ထံတော်မှ ကတိတော်ရရှိသော ထိုနေရာအား ဗေသေလဟု နာမည်ထပ်မံပေးပြန်သည်။
၃၅:၁၆–၂၀ ဗေသေလမှ တောင်ဘက်အရပ်သို့ ဆက်သွားကြစဉ် လမ်းခရီးတွင် ရာခေလသည် မီးဖွားစဉ်သေဆုံးသွားသည်။ သေခါနီးတွင် သူမွေးမည့်သားအား ဗေနောနိ (အမေ့ဝမ်းနည်းခြင်းသားဟု အဓိပ္ပါယ်ရသည်)ဟု နာမည်ပေးခဲ့သည်။ ဖခင်ယာကုပ်ကမူ ဗင်္ယာမိန် (အဖေ့ညာလက်ရုံးအနက်ရသည်)ဟု အဓိပ္ပါယ်ရသည်)ဟု မှည့်ခေါ်သည်။ ထိုနာမည် (၂)ခုစလုံးသည် ခရစ်တော်ဘုရား ဆင်းရဲဒုက္ခ ကြုံတွေ့မည့်အကြောင်း နှင့် ဘုန်းတန်ခိုးပြည့်စုံမည့်အကြောင်း နိမိတ်ပေးခြင်းဖြစ်သည်။ ရာခေလ၏အုတ်ဂူကို ယေရုရှလင်မှ ဗက်သလင်သို့ သွားသောလမ်းပေါ်တွင် ယနေ့ထက်တိုင်အောင် တွေ့မြင်နိုင်ကြသည်။ အာဗြဟံ၊ စာရာ ရေဗက္ကာတို့ကို မြှုပ်နှံထားသော ဟေဗြုန်အရပ်တွင် အဘယ်ကြောင့် မသင်္ဂြိုဟ်ရသနည်း။ ရုပ်တုဆင်းတုသူခိုး မဖြစ်သောကြောင့် ထိုနေရာတွင် မမြှုပ်နှံခြင်းဖြစ်နိုင်သည်။
၃၅:၂၁–၂၉ ရုဗင်သည် ဖခင်၏မယားငယ်ဗိလဟာနှင့် ဖောက်ပြားသည်။ ထိုအပြစ်ဒုစရိုက်ကြောင့် မွေးရာပါအခွင့်အရေး ဆုံးရှုံးရသည် (၄၉:၃-၄)။ အပိုဒ်ငယ် (၂၂)တွင် ထိုအကြောင်း မပြောတော့ဘဲ ယာကုပ်၏သား(၁၂)ယောက် အမည်စာရင်း မှတ်တမ်းတင်ထားသည်။ ထိုသားများသည် ဗင်္ယာမိန်မှလွဲ၍ ပါဒနာရံ အရပ်တွင် မွေးဖွားကြခြင်းဖြစ်သည် (ငယ် ၂၆)။ ဗင်္ယာမိန် ခါနာန်တွင် (ငယ် ၁၆-၁၉)မွေးဖွားသည်။ ယာကုပ်သည် သူ၏ဖခင် ဣဇာက်မကွယ်လွန်မီ ဟေဗြုန်သို့ ပြန်လာသည်။ သို့သော် မိခင်ရေဗက္ကာမှာ မရှိတော့ပါ။ လွန်ခဲ့သော နှစ်များက သေလွန်သွားပြီ။ ဤအခန်း (၃၅)တွင် အသုဘ(၃)ပါး အဖြစ် ရေဗက္ကာ၏ အထိမ်းတော် ဒေဗောရ (ငယ် ၈)၊ ရာခေလ (ငယ် ၁၉) ဣဇာက် (ငယ် ၂၉)တို့ကွယ်လွန်ခြင်းကို တွေ့ရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
1
Users Today : 9
Users Yesterday : 6
Users This Year : 925
Views Today : 32
Views This Month : 498
Views This Year : 3442"
Our Visitor





