ကမ္ဘာဦးကျမ်း-၂၁
ကမ္ဘာဦးကျမ်း-၂၁ အနက်ဖွင့်
၈။ ကတိတော်နှင့်ဆိုင်သောသားဣဇာက် (အခန်း ၂၁)
၂၁:၁–၁၀ အာဗြဟံနှင့်စာရာတို့သည် ကတိတော်ပြုထားသည့်အတိုင်း သားရတနာ ဖွားမြင်ကြသော အခါ ဣဇာက်(ရယ်မောသူ) ဟု ကင်ပွန်းတတ်ကြသည် (၁၇:၁၉-၂၁)။ ထိုသို့သားရတနာ ထွန်းကားကြသောအခါ မိဘနှစ်ပါးသည် ဝမ်းသာရွှင်လန်းကြ သကဲ့သို့ မင်္ဂလာသတင်းစကားကြားသော ဆွေမျိုးများသည်လည်း ဝမ်းမြောက်ကြသည်။ ဣဇာက်သည် အသက်(၂)နှစ်မှ (၅)နှစ်ကြားတိုင်အောင် နို့စို့သည်။ ထိုအချိန်တွင် ဣရှမေလသည် အသက်(၁၃)နှစ်မှ (၁၇)နှစ်အကြားရှိနေပြီ။ ဣရှမေလက ဣဇာက်အား အနိုင်ကျင့်ကြောင်း စာရာတွေ့မြင်သောအခါ ဟာဂရတို့သားအမိအား အိမ်မှ နှင်ချမောင်းထုတ်ရန် အာဗြဟံအား တောင်းဆိုသည်။ ဤအချက်ကို ပညတ်တရားက ကျေးဇူးတော်တရားအား စုံစမ်းနှိပ်စက်ခြင်းဖြစ်ကြောင်း၊ ပညတ်တရားနှင့် ကျေးဇူးတော် ရောထွေး၍ မရကြောင်း ထုံးတမ်းစဉ်လာက ဝိညာဉ်ကောင်းကြီး မင်္ဂလာ မလွှမ်းမိုးနိုင်ကြောင်း ရှင်ပေါလုက အနက်ကောက်သည်(ဂလာ ၄:၂၉)။
၂၁:၁၁–၁၃ အာဗြဟံသည် စိတ်မချမ်းမြေ့စွာဖြင့် ဟာဂရနှင့် ဣရှမေလတို့ သားအမိကို မောင်းထုတ်သည်။ သို့သော်လည်း ဘုရားသခင်က ဣရှမေလအား လူမျိုးကြီး၏ဖခင်ဖြစ်စေမည်ဟု ကတိပေးခဲ့သည်။ ကတိတော်ပြုထားသည့်အတိုင် ဣရှမေလသည် အချိန်နှင့် အညီဖွံ့ထွားကြီးပြင်းလာသည်။
၂၁:၁၄–၂၁ ဟာဂရနှင့် ဣရှမေလတို့သားအမိသည် ခါနာန်ပြည်တောင်ပိုင်း သဲကန္တာရထဲတွင် ရေငတ်လျက် ဒုက္ခရောက်နေကြသည်။ ကြံရာမရ ပြေးလွှားရှာဖွေနေကြစဉ်၊ ဘုရားသခင်က ရေတွင်းတွေ့ပေးလိုက်သဖြင့် သေကံမရောက်သက်မပျောက်ခဲ့ကြ။ ထိုကာလတွင် ဣရှမေလသည် ဆယ်ကျော်သက် အရွယ်ရှိသည်။ ထို့ကြောင့် သားတော်မောင် ရေငတ်သေမည်ကို မမြင်ရက်သောကြောင့် မိခင်က ချုံပုတ်အောက်မှာ ထား၍ ရေထွက်ရှာသည်။ ဣရှမေလ နာမည်မှာ “ဘုရားသခင်က နားညောင်းသည်” ဟုအနက်ရကြောင်း အပိုဒ်ငယ်(၁၇)တွင် “ဘုရားသခင်အသံကြားသည်” “ဘုရားသခင်က အသံကြားတော်မူသည်” ဟု (၂)ကြိမ်တိုင်တိုင်ဆိုထားသည်။ ကလေးသူငယ်များနှင့် လူငယ်များ၏ ဆုတောင်းသံသည် စင်ကြယ်သောကြောင့် ဘုရားသခင်က နားညောင်းလေ့ရှိပါသည်။
၂၁:၂၂–၃၄ အပိုဒ်ငယ် (၂၂)တွင်ပါရှိသည့် အဘိမလက်မင်းသည် အခန်းကြီး (၂၀)တွင် ပါရှိသည့် ဘုရင်မင်းဖြစ်သည်။ ထိုဘုရင်၏ လက်ပါးစေများက အာဗြဟံ၏ တပည့်သားမြေးများထံမှ ရေဝွင်းအနိုင်အထက် လုယူခဲ့ဘူးသည်။ ယခု အဘိမလက်နှင့်အာဗြဟံတို့ ရင်းနှီးချစ်ကြည်၍ မိဆွေကောင်း ဖွဲ့ကြသောအခါ ထိုရေတွင်းအကြောင်းကို အာဗြဟံက အဘိမလတ်အား ပြောပြသည်။ သို့ဖြင့် ထိုရေတွင်းအား မိတ်ဆွေကောင်းများဖြစ်ကြခြင်း အထိမ်းအမှတ်အဖြစ် အာဗြဟံသို့ ပြန်ပေးသည်။ ထိုရေတွင်း နာမည်ကိုလည်း ဗေရှေဒ(ကျမ်းကျိန်ရေတွင်း ဟု အနက်ရသည်) ဟု ခေါ်သည်။ ကာလကြာသော အခါ တောင်ပိုင်းနယ်စပ်ရှိ မြို့ပြကြီးဖြစ်လာသည်။ အမှတ်တရ အဖြစ် အာဗြဟံက မန်ကျည်းပင် စိုက်ထူထားသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
9
Users Today : 7
Users Yesterday : 6
Users This Year : 923
Views Today : 28
Views This Month : 494
Views This Year : 3438"
Our Visitor





